မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကြာကန်ရပ်ကွက်နှင့် စက်သစ်ရပ်ကွက်တို့၌ ဖြစ်ပွားသော လေဘေး အတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကြာကန်ရပ်ကွက်နှင့် စက်သစ်ရပ်ကွက်တို့တွင် (၂၈-၇-၂၀၂၃) ရက်နေ့၊ (၁၆:၁၅) နာရီအချိန်ခန့်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ပြိုကျ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့်ဘုန်းကြီး ကျောင်း (၁)ကျောင်း အပါအဝင် နေအိမ်(၁၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ (၇၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၃၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၂၈၃၀၀/-)ကျပ်တိတိအား (၂-၈-၂၀၂၃) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် ကြံ့ခိုင်ရေးရပ်ကွက်၊ ကြာကန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရမ္မာဝတီဘုန်းတော် ကြီးကျောင်းတို့၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါ​ကြောင်း သတင်းရရှိပါ သည်။

#ha_sgw

#Mon_aug_2023

Source:  သံဖြူဇရပ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events