လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၈.၂၀၂၃) ရက်နေ့ (၁၃:၀၀)နာရီချိန်တွင် မြိတ်မြို့၊ ငွေပုလဲရပ်၊ သံသရာအေး ဘ.က အလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၂၁၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟော ပြောပွဲဆောင်ရွက်ခြင်း၊ ဘောပင်များ ဝေငှခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မြေပြိုဘေး ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_aug_2023
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)