Author Archives: Aye Kyimann
-
သဘာဝဘေးအန္တရာယ်လျော့ချရေးဖိုရမ် ကျင်းပမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ကော့ကရိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် KBC (Karen Baptists Convention) နှင့်ပူးပေါင်း၍ ပထမအကြိမ်မြောက် သဘာဝ ဘေးအန္တရာယ်လျော့ချရေးဖိုရမ်ကို (၆-၃-၂၀၁၇) ရက်နေ့မှ (၇-၃-၂၀၁၇) ရက်နေ့ထိ (၂) ရက်ကြာ ကျင်းပခဲ့ကြောင်း သတင်း ရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက် E ဘလောက် (၁၈) လမ်း၊ လမ်းမကြီး (၄) လမ်း၌ ဖြစ်ပွားသောမီးဘေး အတွက် ထောက်ပံ့မှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ် (၁၄) ရပ်ကွက်၊ ပန်းဆက် E ဘလောက် (၁၈) လမ်း၊ လမ်းမကြီး (၄) လမ်းတွင် (၂၆-၂-၂၀၁၇) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ပျက်စီးဆုံးရှံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၄) ဦး အတွက် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၃) ရက်စာ (၃၆၀၀ိ/-) နှင့် အိမ်ဆောက်ပစ္စည်းဖိုး … Read more
-
မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ်၊ သရက်တပင်ကျေးရွာအုပ်စု၊ ပြင်လှရွာ၌ မီးဘေးထောက်ပံ့မှုသတင်း
(၂၈-၂-၂၀၁၇) ရက်နေ့၊ (၂၂းဝဝ) နာရီအချိန်တွင် ဦးမောင်သောင်း၏နေအိမ်၌ ဖယောင်းတိုင်မီးမှတဆင့် နေအိမ်အား မီးကူးစက် လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အဆိုပါ မီးလောင်မှုကြောင့် ဓနိမိုး၊ ထရံကာဝါခင်း လူနေအိမ် (၃) လုံးမီးလောင်ဆုံးရှုံးခဲ့ရပြီး အိမ်ထောင် စု (၃) စုမှ ကျား (၁၂) ဦး၊ မ (၄) ဦး စုစုပေါင်း (၁၆) ဦး ဘေးဒုက္ခခံစားခဲ့ရပါသည်။ ထိုမီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ် ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန် ရိက္ခာဖိုး … Read more
-
မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၂-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ညောင်ကန်ကျေးရွာအုပ်စု၊ ရွာသစ်ကြီးကျေးရွာ၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှခြင်း၊ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခုအပါအဝင်ဖြစ်သော သဘာဝဘေးနှင့်စပ်လျဉ်းသည့်သတင်းများ၊ အရေးကြီးသတင်းများ၊ မိုးလေဝသ သတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးလျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ် အရေးကြီးဖုန်းနံပါတ်နှင့် သဘာဝဘေးပညာပေးလက်ကမ်းစာစောင်များ ထည့်သွင်းထားသော Dan Mobile … Read more
-
ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်တွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းဆောင်ရွက်နေမှုသတင်း
ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့၊ ဆင်ဆိပ်ရပ်ကွက်၌ (၂၆-၂-၂၀၁၇) ရက်နေ့တွင် ရေဘေးသဏ္ဍာန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းအား (World Vision) မြန်မာ၊ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီ၊ ကြက်ခြေနီ၊ မီးသတ်နှင့် ရပ်ကွက်သူ၊ ရပ်ကွက်သားများအပါအဝင် စုစုပေါင်း လူဦးရေ (၄၀၀) ဦးခန့်ပါဝင်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးစီမံချက် (၂၀၁၆) ၏ 2nd Technical Working Group Meeting ပြုလုပ်မှုသတင်း
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ ဦးစီးဦးဆောင်၍ Grand Amara Hotel ၌ 2nd Technical Working Group Meeting အား (၂၈-၂-၂၀၁၇) ရက်နေ့၊ နံနက် (၀၉းဝ၀) နာရီမှ (၁၇းဝ၀) နာရီထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ ထိုအစည်းအဝေးပွဲသည် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးစီမံချက် (Myanmar Action Plan on Disaster Risk Reduction – MAPDRR) ကို ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ MAPDRR (၂၀၁၆) အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှမ်းကွင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှမ်းကွင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုနှင့် ဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား (၂၇-၂-၂၀၁၇) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ရာ တက်ရောက်သူပြည်သူ (၁၅၀) ဦးတက်ရောက်ခဲ့ပါသည်။ ထို့ပြင် မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး စသည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
DAN Mobile Application Software အသုံးပြုပုံနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တာချီလိတ်ခရိုင်ရုံးမှ တာဝန်ရှိသူများသည် တာချီလိတ်ခရိုင်၊ တာချီ လိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြော ပွဲမြို့နယ်အဆင့်ကို (၂၄-၂-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၃းဝ၀) နာရီတွင် ပြုလုပ်ခဲ့ရာ တက်ရောက်သူ စုစုပေါင်း (၇၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့လွှတ်တော်ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖအုပ်ချုပ်ရေးမှူးများ ၊ ဌာနဆိုင်ရာများ၊ ရပ်ကျေးစာရေးများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက်ရောက်ခဲ့ပြီး ဘေးရှစ်မျိုးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း၊ power point hangout ဖြန့်ဝေခြင်း၊ လေပြင်းဘေးနှင့်ပက်သက်ပြီး ပြည်သူသို့ပန်ကြားချက်ဖြန့်ဝေခြင်း၊ DAN စတစ်ကာကပ်ပေးခြင်း၊ application ဖြန့်ဝေခြင်း၊ သဘာဝဘေးအသိပညာပေး စာအုပ်များ Display … Read more
-
မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးငြိမ်းသတ်ရေး လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး၊ လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာနနှင့် အထွထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စျေးသူ/ စျေးသားများနှင့် ပူးပေါင်း၍ (၂၃-၂-၂၀၁၇) ရက်နေ့၊ နံနက် (ဝ၇းဝ၀) အချိန်တွင် လပွတ္တာမြို့၊ အောင်ဇေယျစျေးကြီး၌ မီးဘေးအန္တရာယ်ကင်းဝေးစေရန် မီးငြိမ်းသတ်ရေးလက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ခဲ့ပါသည်။ ထို့ပြင် နံနက် (၀၈းဝ၀) အချိန်တွင် လပွတ္တာမြို့၊ ရတနာဒီပအားကစားကွင်း၌ မီးသတ်ဦးစီးဌာနရှိ တပ်ဖွဲ့ဝင်များသည် မီးငြိမ်းသတ်ရေးယာဉ်များနှင့်အတူ မီးငြိမ်သတ်ရေးလုပ်ငန်းစဉ်များကို လက်တွေ့လေ့ကျင့်ခြင်းများ ဆောင်ရွက် ခဲ့ပြီး လပွတ္တာခရိုင်ဦးစီး မှူးရုံး (ကဆရ) မှ လည်း သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် များ … Read more
-
DAN Mobile Application Software အသုံးပြုပုံနှင့် ပတ်သက်၍ ဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၇) တွင် မောင်တောမြို့နယ်အတွင်းရှိ ဖုန်းဆိုင်များသို့သွားရောက်ကာ “DAN Mobile Application Software အသုံးပြုပုံ နည်းလမ်းများကို ရှင်းလင်းပြောကြားပြီး DAN Mobile Application စတစ်ကာများ လိုက်လံကပ်ပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မောင်တောခရိုင်ဦးစီးမှူးရုံး (ကဆရ)
