Author Archives: Aye Kyimann

  • ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့ ညနေပိုင်း၌ ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ရေတိုက်စားမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ ရွှေ့ပြောင်းအိမ်ခြေ (၁၂) လုံး၊ အိမ်ထောင်စု(၁၂) စု၊ လူဦးရေ (၅၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၂၀၀၀၀၀ိ/-) ကျပ်၊ ဆန်ရိက္ခာဖိုး (၁၁၉၇၀၀ိ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးတို့အား ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အကြီးတန်းစာရေး၊ ဦးတင်မျိုးအား (၃-၅-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more

  • မကွေးမြို့နယ်အတွင်း သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၅-၂၀၁၇) ရက်နေ့တွင် မကွေးမြို့နယ်၊ ကြို့ကြာကန်အုပ်စု (ရေကျန်ကုန်းတဲတိုက်)၊ ညောင်ပင်သာအုပ်စု (ကြားကုန်းတဲတိုက်) တို့မှ အိမ်ထောင်စု (၅၀၀) လူဦးရေ (၂၅၀၀) ဦးတို့အတွက် သောက်သုံးရေ (၁၇၈၀၀) ဂါလံအား သွားရောက်ဖြန့်ဝေပေးခဲ့ေကြောင်း သတင်းရရှိပါသည်။ Source:    မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မုတ်သုန်အကြို ကာလမုန်တို်င်းဘေးဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက် မှုနှင့် ရေသန့်ဆေးဖြန့်ဝေပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၅-၂၀၁၇) ရက်နေ့တွင် (၀၉းဝ၀)နာရီမှ (၁ဝးဝ၀) နာရီထိ မုတ်သုန်အကြို ကာလမုန်တို်င်းဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား စစ်တွေမြို့နယ်၊ ချောင်းနွယ်မင်းဂံကျေးရွာ၌ ဌာနဆိုင်ရာဝန်ထမ်းအင်အား (၈၀) ဦး၊ကျေးရွာသူ/သား (၃၀၀) ဦး၊ စုစုပေါင်းလူအင်အား (၃၈၀) ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး ဘေး (၈) မျိုး လက်ကမ်းစာစောင် (၃၀၀) စောင်ကိုလည်း ဖြန့်ဝေပေးအပ်ခဲ့ပါသည်။ ထို့ပြင်် ရေသန့်ဆေး (၂၄၀) ထုပ်ပါ (၁၀) ဖာအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၄-၂၀၁၇) ရက်နေ့ညနေပိုင်း၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ ရေရှင်ကျေးရွာနေသူသည် ကျွဲကျောင်းရင်း လေပြင်းတိုက်ခတ်ပြီး မိုးရွာသဖြင့် သရက်ပင်အောက် မိုးခိုရာတွင် သရက်ပင်အား မိုးကြိုးပစ်ခတ်ခဲ့ရာ မိုးကြိူးစက်ကွင်းထိမှန် သေဆုံးမှုကြောင့် ထောက်ပံ့ငွေ ကျပ် (၃) သိန်းတိတိအား (၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events