Author Archives: Aye Kyimann
  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၂-၂၀၁၈)ရက်နေ့တွင် ကျောက်မဲခရိုင် နားအိုက်ခန့်ကျေးရွာ အုပ်ချုပ်ရေးမှူးခန်းမတွင် လူဦးရေ (၁၆၀)ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး ဘေးနှင့် စပ်လျဉ်းသည့် လက်ကမ်းစာစောင်များလည်းဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
  • သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်း၂/၂၀၁၈ ဖွင့်လှစ်မှုသတင်း
    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၂-၂၀၁၈)ရက်နေ့တွင် သာယာဝတီမြို့၊ ခရိုင်အားကစားခန်းမ၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းဆင့်ပွားသင်တန်း (၂/၂၀၁၈)အား ဖွင့်လှစ်ခဲ့ရာ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်(၈)မြို့နယ်မှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၄)ဦးခန့်တက်ရောက်ခဲ့ပြီး သင်တန်း ကာလမှာ  (၂၁-၂-၂၀၁၈)ရက်မှ(၂၃-၂-၂၀၁၈)ရက်နေ့အထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source:   ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည်(၂၂-၂-၂၀၁၈)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု ဝဲကြီးကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ (၁၅၀)ဦးရေခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗီနိုင်းပိုစတာများနှင့် ရေသန့်ဆေးများ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
  • စက်သုံးဆီဖိုးရန်ပုံငွေ ထောက်ပံ့မှုသတင်း
    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ထောင်စုဝန်ကြီး၏ (၉-၄-၂၀၁၇)ရက်နေ့ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ် ခရီးစဉ်အတွင်း ဒေသခံပြည်သူများ၏တင်ပြမှုအရ လင်းတာကျကျေးရွာ၌ ထောက်ပံ့လှူဒါန်းခဲ့သည့် ရေသန့်စက်(၁)လုံးအား လတ်တ လောရေရရှိနိုင်ရေးအတွက် (၁)လစာ ဆီ(၇၅)ဂါလံ တန်ဖိုးငွေ(၂၈၅၀၀၀/-)ကျပ်အား ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာရေရရှိရေး ကော်မတီအဖွဲ့ဝင်များထံသို့ (၂၂-၂-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:   ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း
    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့်ဝန်ထမ်းများသည် (၂၂-၂-၂၀၁၈)ရက်နေ့တွင် ဇေယျာသီရိမြို့နယ်၊ သပြေပင်ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသား လူဦးရေ(၁၀၀)ဦးရေခန့်အား သဘာဝဘေးအသိပညာပေးဟောပြောခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ သဘာဝဘေးဗီနိုင်းပိုစတာများနှင့် ရေသန့် ဆေးများဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source:   ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)
  • သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း
    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၂-၂၀၁၈) ရက်နေ့တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်ပွဲ အခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူးမှ အဖွင့်အမှာစကားနှင့် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းအခမ်းအနားသို့ မြို့နယ်အဆင့်ဌာန ဆိုင်ရာ အကြီးအကဲ (၂၀) ဦး၊ သင်တန်းသား၊ သင်တန်းသူ (၂၈) ဦး၊ စုစုပေါင်း(၄၈)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၀-၂-၂၀၁၈) ရက်နေ့မှ (၂၂-၂-၂၀၁၈) ရက်နေ့အထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခရား အတွင်း ကျေးရွာတွင် (၁၈-၂-၂၀၁၈)ရက်နေ့၌ ဖြစ်ပွားခဲ့သောမီးဘေးကြောင့် ဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး အိမ်ထောင်စု (၁)စုစာ၊ Family kit(၁)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၄၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀၀/-)ကျပ်တို့အား (၂၀-၂-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source:    ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ လုံးကေကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား(၁၂၀)ဦးရေခန့့်အားလည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကောင်းမှုစဉ်ကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၃၀) ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည့်အကြောင်းအရာများရှင်းလင်းဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:    ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
Sign Up
Upcoming Events