
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၂-၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ်၊ လုံးကေကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား(၁၂၀)ဦးရေခန့့်အားလည်းကောင်း၊ ညနေပိုင်းတွင် တောင်ကြီးမြို့နယ်၊ ကောင်းမှုစဉ်ကျေးရွာ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၃၀) ခန့်အားလည်းကောင်း ငလျင်ဘေးအပါအဝင် သဘာဝဘေးအန္တရာယ်များနှင့် စပ်လျဉ်းသည့်အကြောင်းအရာများရှင်းလင်းဆွေးနွေးခြင်း၊ ပညာပေးဗွီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)