Author Archives: Aye Kyimann
-
တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကချင်ပြည်နယ်အတွင်း နယ်မြေလုံခြုံရေးအခြေအနေအရ တနိုင်းမြို့နယ်၊ အောင်လောဒ်ဒေသမှ မြစ်ကြီးနားမြို့၊ နောင်နန်းဂျော်မ ဆတ်နှစ်ခြင်းဘုရားကျောင်းသို့ တိမ်းရှောင်ရောက်ရှိလာသော မိသားစုဝင်များအား (၁၈-၅-၂၀၁၈)ရက်နေ့တွင် တိုက်ပွဲရှောင်မိသားစု(၁၁၅)စု၊ လူဦးရေ(၄၉၃)ဦးတို့အတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးကာစ၊ ရေစစ်၊ ရေပုံး၊ ဓား၊ ရေနွေးကရားအိုး၊ ဖျာစသည့် ပစ္စည်း (၆)မျိုးပါ (၁၆၃)စုံ ပစ္စည်းတန်ဖိုး (၃၈၆၃၁၀ ဝိ/-)ကျပ်အား ပြည်နယ်ဦးစီးမှူးရုံး ဝန်ထမ်းများမှ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #otr #kcn_may2018 Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တိုင်းဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၁၇.၅.၂၀၁၈)နေ့ (၂၂း၂၀)အချိန်တွင် မိုးသည်း ထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဥတ္တရသီရိမြို့နယ် တောင်ညိုကျေးရွာအုပ်စု ကျောင်းစုကျေးရွာ တောင်ညိုကျေးရွာ မင်းနောင် ကျေးရွာ မရမ်းခုံကျေးရွာ ကြီးပွားကျေးရွာ (၅၂) သစ်စက်ကျေးရွာနှင့် အောင်ချမ်းသိမ်းကျေးရွာတို့၌ လေဘေးခံစားခဲ့ရသည့် လေဘေးသင့် ပြိုလဲနေအိမ်(၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး(၁၇၃၀၀၀၀ိ/-)၊ အမိုးလန်တစ်စိတ်တစ်ပိုင်းပျက်စီး(၁၅၇)လုံးတို့အတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၃၇၆၅၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ(၇၀၄)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ(၁၄၇၈၄၀၀/-)၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၆၉၇၃၄၀၀ိ/-)၊ (၃၂၆၅၇၉ရိ/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့်(၁၆)မျိုးတို့အား ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၈.၅.၁၈) ရက်နေ့ (၁ရး၀၀)အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း … Read more
-
ဂန့်ဂေါခရိုင်ဦးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကွမ်းဇဲကျေးရွာအုပ်စု၊ ကွမ်းဇဲကျေးရွာတွင် (၉-၅-၂၀၁၈)ရက်နေ့ (၂၀း၄၅)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၁၀၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀၅၀၀ိ/-)နှင့်ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု(၁)စုစာ၊ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအုပ်စု၊ သာလင်းကျေးရွာတွင် (၁၀-၅- ၂၀၁၈)ရက်နေ့(၁၈း၃၀)နာရီအချိန်၌ လေဘေးသင့်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၅၇၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံငွေ(၂၅၇၄၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၅)စုစာ၊ ဂန့်ဂေါမြို့နယ်၊ မောက်ကျေး ရွာနှင့် စည်ပင်သာရပ်ကွက်တို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့(၁၆း၃၀)နာရီအချိန်၌ လေဘေးသင့်အိမ်ခြေ(၂)လုံး၊ … Read more
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၅.၂၀၁၈)ရက်နေ့တွင် (၀၈း၀၀)နာရီမှ (၀၉း၃၀)နာရီထိ မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မွမ်းမံသင်တန်းတက်ရောက်လျက်ရှိ သောဆရာ/ဆရာမ များနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ စုစုပေါင်း(၅၄၄)ဦးအား သဘာဝဘေးနှင့်ပတ်သက်သော အသိပညာများဖြန့်ဝေပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈) ရက်နေ့တွင် မကွေးမြို့၊ ကြက်ခြေနီအသင်းနှင့်ပူးပေါင်း၍ ရေနံချောင်မြို့၊ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းဆရာ၊ ဆရာမများသင်တန်းရှိ ဆရာ၊ ဆရာမ (၄၀၀)ဦးခန့်အား ငလျင်ဘေးနှင့်ပတ်သက်၍အသိပညာပေးဆွေးနွေးခဲ့ပြီး၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2018 Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းဆောင်ရွက်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီ အသင်းတို့နှင့်ပူးပေါင်း၍ (၁၈-၅-၂၀၁၈)ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်း၊ ဧရာဝတီဆောင်ခန်းမ၌ လပွတ္တာမြို့နယ်မှ ဒုတိယတန်းသင်ရိုးညွှန်းတမ်းသစ်မွမ်းမံသင်တန်းမှ ဆရာ/ဆရာမ (၁၈၀)ဦးခန့်အား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်၊ နံရံ ကပ်ပိုစတာဗီနိုင်း ဝေငှခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
လေဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် ရန်ပုံငွေထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မန်းဂျော်နီ၊ ကျုံပျော်မြို့နယ်အုပ်ချုပ်ရေးမှူး တို့နှင့်အတူ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ဓနော်ကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာနှင့် အုန်းပင်စုကျေးရွာတို့၌ (၁၇.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျနေအိမ်(၂၄)လုံး၊ အမိုးလန်နေအိမ် (၆၀)လုံးမှ လူဦးရေ (၃၉၂)ဦး အတွက် Family kits (၂၆)မျိုးပါ (၂၄)ပုံး (၂၁၁၂၀၀၀ိ/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး (၆၀)ပုံး (၁၁၁၀၆၀၀ိ/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာ (၈၂၃၂၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၄၀၂၀၀၀၀ိ/-) … Read more
-
ရေသန့်စက်ရေတွင်းဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ကွမ်းသီးပင်ဆိပ်ကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ လှူဒါန်းသည့် ရေသန့်စက်ရေတွင်း ( တန်ဖိုး-၅၉၄၈၈၀၀ိ/-) ဖွင့်ပွဲအခမ်းအနားသို့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီး ဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၈) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ တက်ရောက်ဖွင့်လှစ်ခဲ့ပါကြောင်းနှင့် ဖွင့်ပွဲအခမ်းအနားတွင် တိုင်းဒေသကြီးဦးစီးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး စက်ရေတွင်းအား အမွှေးနံ့ သာရေများပတ်ဖျန်း၍ အောင်မြင်စွာဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #ayy_may2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများသည် (၁၈-၅-၂၀၁၈) ရက်နေ့တွင် ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း၌ ဒုတိယတန်း သင်ရိုးသစ်မွမ်းမံသင်တန်းတွင် တက်ရောက်နေသော ဆရာ/မ (၄၀၀)ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးဟောပြော ခဲ့ပြီး လက်တွေ့လေ့ကျင့်မှုများလည်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဖြစ်သော The HALO Trust ၊ U. S Agency for International Development ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် UNFPA ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးတို့မှ သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ မေ လ (၁၈) (၁၈-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့် The HALO Trust အဖွဲ့ မှ Regional Director ဖြစ်သူ Mr. Cameron Imber နှင့်အဖွဲ့ တို့တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ပညာပေးလုပ်ငန်းများ၊ မိုင်းအန္တရာယ်ခံစားရသူများအား … Read more
