ဂန့်ဂေါခရိုင်ဦးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

19_Pic_02
ဘေးအန္တရာယ်ဆိုင်ရာစီမံခွဲမှုဦးစီးဌာန၊ ဂန့်ဂေါခရိုင်ဦးမှူးရုံးမှ တာဝန်ရှိသူများသည် ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့နယ်၊ ကွမ်းဇဲကျေးရွာအုပ်စု၊ ကွမ်းဇဲကျေးရွာတွင် (၉-၅-၂၀၁၈)ရက်နေ့ (၂၀း၄၅)နာရီအချိန်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၅)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၁၀၅၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀၅၀၀ိ/-)နှင့်ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး အိမ်ထောင်စု(၁)စုစာ၊ ဂန့်ဂေါမြို့နယ်၊ သာလင်းကျေးရွာအုပ်စု၊ သာလင်းကျေးရွာတွင် (၁၀-၅- ၂၀၁၈)ရက်နေ့(၁၈း၃၀)နာရီအချိန်၌ လေဘေးသင့်အိမ်ခြေ(၅)လုံး၊ အိမ်ထောင်စု(၅)စု၊ လူဦးရေ(၂၇) ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၅၇၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၂၀၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံငွေ(၂၅၇၄၀၀ိ/-)၊ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၅)စုစာ၊ ဂန့်ဂေါမြို့နယ်၊ မောက်ကျေး ရွာနှင့် စည်ပင်သာရပ်ကွက်တို့တွင် (၁၁-၅-၂၀၁၈) ရက်နေ့(၁၆း၃၀)နာရီအချိန်၌ လေဘေးသင့်အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၇)ဦးတို့အတွက် ဆနိရိက္ခာဖိုး(၁၄၇၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ (၅၄၇၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၂)စုစာ၊ ဂန့်ဂေါမြို့နယ်၊ စင်ပုံနှင့် ယင်းမာကျေးရွာအုပ်စု၊ စင်ပုံနှင့် ယင်းမာကျေးရွာတို့တွင် (၁၃-၅-၂၀၁၈ )ရက်နေ့(၁၆း၀၀)နာရီအချိန်၌ လေဘေးသင့်အိမ်ခြေ(၂၃)လုံး၊ အိမ်ထောင်းစု(၂၃)စု၊ လူဦးရေ(၁၀၄)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၂၁၈၄၀၀ိ/-)၊ အိမ်ဆောက်ပစ္စည်းဖိုး(၄၆၀၀၀၀ိ/-)၊ စုစုပေါင်းထောက်ပံ့ငွေ(၆၇၈၄၀၀ိ/-)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၂၃)စုစာတို့ကို ဂန့်ဂေါမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများထံသို့ (၁၈-၅-၂၀၁၈)ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_sgw
#mgy_may2018
Source:    ဂန့်ဂေါခရိုင်ဦးမှူးရုံး (ဘစမ)

Sign Up

Upcoming Events