
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၅.၂၀၁၈)ရက်နေ့တွင် (၀၈း၀၀)နာရီမှ (၀၉း၃၀)နာရီထိ မြောင်းမြမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မွမ်းမံသင်တန်းတက်ရောက်လျက်ရှိ သောဆရာ/ဆရာမ များနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ စုစုပေါင်း(၅၄၄)ဦးအား သဘာဝဘေးနှင့်ပတ်သက်သော အသိပညာများဖြန့်ဝေပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများ ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#ayy_may2018
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)