လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများဖြစ်သော The HALO Trust ၊ U. S Agency for International Development ၊ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီးနှင့် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် UNFPA ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူးတို့မှ သီးခြားစီ လာရောက်တွေ့ဆုံမှုသတင်း

19_Pic_01
နေပြည်တော်၊ မေ လ (၁၈)
(၁၈-၅-၂၀၁၈) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီတွင် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးနှင့်      The HALO Trust အဖွဲ့ မှ Regional Director ဖြစ်သူ Mr. Cameron Imber နှင့်အဖွဲ့ တို့တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၂ ခုနှစ်မှစ၍ မြန်မာနိုင်ငံတွင် လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်‌နေရာချထားရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ပညာပေးလုပ်ငန်းများ၊ မိုင်းအန္တရာယ်ခံစားရသူများအား အကူအညီပေးရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပြီး ယခုအခါ လူသားချင်းစာနာမှှုဆိုင်ရာ မိုင်းရှာဖွေရှင်းလင်းရေးစီမံကိန်းအတွက် သက်ဆိုင်ရာအစိုးရအဖွဲ့၊ ဝန်ကြီးဌာနများနှင့်ညှိနှိုင်းဆောင်ရွက်နေမှှုများ၊ ဝန်ကြီးဌာန၏ အဓိကတာဝန်တစ်ခုဖြစ်သော မိုင်းအန္တရာယ်အသိပညာပေးလုပ်ငန်းအပြင် အသစ်ဖွဲ့စည်းလိုက်သော ပြန်လည်ထူထောင်ရေး ဦးစီးဌာနမှ မိုင်းအန္တရာယ်ကြောင့်ထိခိုက်ခံစားရသူများအား အသက်မွေးဝမ်းကျောင်းနှင့် ငွေကြေး ဆိုင်ရာ ထောက်ပံ့ကူညီနေမှှုများ၊ The HALO Trust အဖွဲ့နှင့် ဝန်ကြီးဌာနတို့ ပိုမိုပူးပေါင်းဆောင်ရွက်ရေးအား ဆွေးနွေးခဲ့ပါသည်။
ဆက်လက်၍ နံနက် (၁၀)နာရီတွင် အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့၊ U. S Agency for International Development (USAID) မှ  Administrator ဖြစ်သူ Mr. Mark Andrew Green ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံခဲ့ရာတွင် ဝန်ကြီးဌာနမှ ဖွင့်လှစ်ထားသော ဟင်္သာတမြိုနယ်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးသင်တန်းကျောင်းအတွက် လိုအပ်သည့် နည်းပညာနှင့် ရံပုံငွေအား USAIDမှ ထောက်ပံ့ ကူညီမှှုများ၊ မြန်မာနိုင်ငံ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ လုပ်ငန်းစီမံချက်၏ အကောင်အထည်ဖော်ရာတွင် USAID မှ အဓိက မိတ်ဖက် အဖွဲ့အစည်းအနေဖြင့် ကူညီသွားမည့်ကိစ္စများ၊ ရခိုင်နယ်အတွင်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး၊ လူမှှုသဟဇာတဖြစ်ရေးအတွက် ဘက်ပေါင်းစုံမှ ချဉ်းကပ်ဆောင်ရွက်မှှုများ၊  UEHRD အနေဖြင့် မိတ်ဆွေနိုင်ငံများ မိတ်ဖက်အဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သောနိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းရန်စီမံကိန်းများ ချမှတ်အကောင်အထည် ဖော်နေမှှုများ၊ နှစ်နိုင်ငံသဘောတူညီအရ ဆောင်ရွက်ထားသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအစီအစဉ်တွင် မြန်မာနိုင်ငံမှအဆင်သင့်ဖြစ်နေမှှုများ၊ ကူညီထောက်ပံ့မှှုများအပေါ် မှီခိုမနေဘဲ အကူ အညီလိုအပ်မှှုများ အဆုံးသတ်သွားနိုင်စေရေး မိမိကိုယ်တိုင် လွတ်လပ်စွာရပ်တည်နိုင်ရေးမူဝါဒအရ USAID အနေဖြင့် မြန်မာနိုင်ငံနှင့် ပူးပေါင်း ဆောင်ရွက်သွားမည့်ကိစ္စများ၊ လူမှှုအသိုင်းအဝိုင်းကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်တွင် စံပြမြို့နယ်တစ်ခုအနေဖြင့် အကောင်အထည်ဖော်ရန်နှင့် နိုင်ငံသားဖြစ်မှှုစိစစ်ရေးကဒ် NVC နှင့်ပတ်သက်၍ အကျိုးကျေးဇူးများ ပိုမိုသိရှိ နားလည်နိုင်ရေး ဆောင်ရွက်စေလိုသည့်ကိစ္စများ၊ USAID မှ ပိုမိုပူးပေါင်းကူညီနိုင်မည့် နည်းလမ်းများ စသည့်ကိစ္စရပ်များအား ဆွေးနွေးခဲ့ပါသည်။
ထို့နောက် (၁၃:၀၀) နာရီတွင် မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်မှ  အထွေထွေ အတွင်းရေးမှူး ဖြစ်သူ ဦးမြတ်သူဝင်း ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံခဲ့ရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ (၁/၂၀၁၇) အစည်းအဝေးအား ကျင်းပခဲ့ပြီး အမျိုးသားကော်မရှင်လုပ်ငန်းစဉ်များ တိုးမြှင့်ဆောင်ရွက်နိုင်ရေး၊ ပြည်နယ်နှင့် တိုင်း ဒေသကြီးအဆင့် အမျိုးသားကော်မတီများ ဆက်လက်ဖွဲ့စည်းနိုင်ရေး၊ မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီဖွဲ့စည်းနိုင်ရေး၊ မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ဥပဒေနှင့် နည်းဥပဒေများပြဌာန်းထားပြီး စနစ်တကျဖြစ်ရေး၊ စနစ်တကျအကောင် အထည် ဖော်ဆောင်နိုင်ရေး၊ ပါဝင်သူများအားလုံး ညီညီညွတ်ညွတ်ပူးပေါင်း ကြိုးစားဆောင်ရွက်နိုင်ရေးစသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
ဆက်လက်၍ (၁၄:၀၀)နာရီတွင် ရန်ကုန်မြို့၊ ဂျပန်နိုင်ငံသံရုံး မှ သံအမတ်ကြီး H. E. Mr. Ichiro MARUYAMA  ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ နှင့်တွေ့ဆုံခဲ့ရာတွင် နေရပ်စွန့်ခွာသူ များ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်များ အလျှင်အမြန်စတင်နိုင်ရန် ဂျပန်နိုင်ငံမှ ကူညီပေးနေမှှု များ၊ UNHCR ၊ UNDP တို့နှင့် နားလည်မှှုစာချွန်လွှာ လက်မှတ်ရေးထိုးနိုင်ရေး ညှိနှှိုင်းဆောင် ရွက်နေမှှုများ၊ ဂျပန်နိုင်ငံမှ တာဝန်ရှိသူများအနေဖြင့် ရခိုင်ပြည်နယ်အစိုးရ အကြီးအကဲများနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆောင်ရွက်နေမှှုများအား သွားရောက်လေ့လာမည့်ကိစ္စများ စသည်တို့ကို ဆွေးနွေးခဲ့ကြပါသည်။
ယင်းနောက် ကုလသမဂ္ဂလက်ထောက်အတွင်းရေးမှူးချုပ်နှင့် UNFPA ၏ ဒုတိယအမှု ဆောင်ညွှန်ကြားရေးမှူးဖြစ်သူ Ms. Laura Londen ဦးဆောင်သောအဖွဲ့နှင့်တွေ့ဆုံရာတွင် ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများအား အကာအကွယ်ပေးရေး၊ ကျားမ တန်းတူညီမျှမှု ရရှိရေးနှင့် အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှုများ ပပျောက်ရေးကို ဝန်ကြီးဌာန၏ အဓိကတာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်နေမှု၊ နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များတွင် အမျိုးသမီးများ၏ပါဝင်မှုသည် အရေးပါသည့်အလျာက် ဝန်ကြီးဌာနအနေဖြင့် အမျိုးသမီးများ၏ စွမ်းပကားမြှင့်တင်ရေး ဆောင်ရွက်နေမှုများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ  အမျိုးသမီးကော်မတီနှင့် လုပ်ငန်းကော်မတီ (၄)ခု ဖွဲ့စည်း၍ အကောင်အထည်ဖော်ဆောင်ရွက် နေမှုများ၊ ရင်ခွင်မဲ့ကလေးများ ကာကွယ်စောင့်ရှောက်ရေး၊ နေရပ်စွန့်ခွာရွှေ့ပြောင်းသူ အမျိုးသမီးများအတွက် ကူညီဆောင်ရွက်ပေးမှုများ၊ မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးမှုဆိုင်ရာ မဟာ ဗျူဟာနှင့်ကိုက်ညီစွာ ရေးဆွဲထားသော UNFPA ၏ (၄)ကြိမ်မြောက်နိုင်ငံအဆင့်စီမံချက် (၂၀၁၈-၂၀၂၂) ၏ လုပ်ငန်းများနှင့် ရခိုင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် UNFPA ၏ လုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1_otr
#npw_may2018

Sign Up

Upcoming Events