Author Archives: Aye Kyimann

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ပန်း ဇံကွင်းကျေးရွာအုပ်စု၊ ပန်းဇံကွင်းကျေးရွာ၌ (၂၀.၅.၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျနေအိမ်(၂)လုံး၊ အမိုးလန်နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ(၁၈)ဦးအတွက် Family kits (၂၆)မျိုးပါ (၂)ပုံး၊ ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၃)ပုံး၊ ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀၀ိ/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၅၀၀၀၀ိ/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၃၈၇၈၀၀ိ/-)ကျပ်တို့အား (၂၂.၅.၂၀၁၈) ရက်နေ့ (ဝရး၁၀)နာရီအချိန်တွင် လေဘေး သင့့်ပြည်သူများ၏ … Read more

  • မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာအုပ်စု၊ ဝက်မှိုင်းကျေးရွာတွင် (၂၀-၅-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု (၂)စုအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် လုံးဝပျက်စီးအိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး စုစု ပေါင်း လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာဖိုး(၂၅၂၀၀ိ/-)နှင့် အိမ်ဆောက်ပစ္စည်းဖိုး(၁၄၀၀၀၀ိ/-) စုစုပေါင်း(၁၆၅ ၂၀၀ိ/-)အား(၂၁-၅-၂၀၁၈)ရက်နေ့ မွန်းလွဲ(၁၄း၀၀)အချိန်တွင် လေဘေးသင့်ပြည်သူများထံ လက်ဝယ်အရောက်သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #rke_may2018 Source:  မြောက်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မောင်တောမြို့၊ ဟိန္ဒူကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၂၉၃) စု မှလူဦးရေ (၁၁၂၅) ဦးအတွက် ဆန်(၂၄၄)အိတ်နှင့်  မောင်တောမြို့နယ် (၃)မိုင်သီဟိုခြံအနီး မြိုတိုင်းရင်းသားများ အိမ်ထောင်စု (၈၇)စုမှ လူဦးရေ (၅၈၂)ဦးအတွက် ဆန်(၈၇)အိတ်တို့အား (၂၁-၅-၂၀၁၈)ရက်နေ့တွင် အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #otr #rke_may2018 Source:  မောတောခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ကမ်းပြိုဘေးထောက်ပံ့ပေးမှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်‌ရှိသူများသည် ရေစကြိုမြို့နယ်၊ ဗလဘကျေးရွာအုပ်စု၊ ဗလဘကျေးရွာတွင် (၂၀-၅-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀ိ/-)ကျပ်၊  ဆန်ရိက္ခာဖိုး (၂၅၂၀၀ိ/-) ကျပ်တို့အား (၂၁-၅-၂၀၁၈)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_may2018 Source:  ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀.၅.၂၀၁၈)ရက်နေ့ (၀၉း၀၀)နာရီမှ (၁၁း၃၀) နာရီထိ ဟင်္သာတမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ မွမ်းမံသင်တန်းတက်ရောက်လျက်ရှိသော ဆရာ/ဆရာမများနှင့် ကျောင်းအုပ်ဆရာ/ဆရာမကြီးများ စုစုပေါင်း(၄၆၀)ဦးအား ငလျင်ဘေးနှင့်ပတ်သက်သော အသိပညာများဖြန့်ဝေပေးခြင်း၊ ဆောင်ရန်၊ ရှောင်ရန်များအား ဟောပြောဆွေးနွေးခဲ့ပြီး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းနှင့် လက်ကမ်းစာစောင်များ ဝေငှပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် တာဝန်ရှိသူများ၊ မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ကြက်‌ခြေနီအသင်းတို့ပူးပေါင်း၍ (၂၀-၅-၂၀၁၈) ရက်နေ့၊ နံနက်(၀၈း၀၀)နာရီမှ (၁၀း၃၀)နာရီအထိ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) အလက(၁)၌ ဒုတိယတန်း သင်ရိုးသစ်မွမ်းမံသင်တန်း တွင် တက်ရောက်နေသော ဆရာ/ဆရာမ (၃၇၇)ဦီးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောခြင်းနှင့် လက်တွေ့ လေ့ကျင့်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2018 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (ဘစမ)

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၅-၂၀၁၈) ရက်နေ့၊ (၀၉း၀၀) နာရီမှ (၁၁း၀၀) နာရီထိ မိုင်းဖြတ်မြို့နယ်၊ Great 2 သင်တန်းရှိ ဆရာ၊ ဆရာမ (၂၀၀) ဦးအား ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပြီး ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ လက်တွေ့သရုပ်ပြသခြင်းများဆောင်ရွက်ခဲ့ ကြောင်း သတင်းရရှိပါသည်။ #ar #shn_may2018 Source:  မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၅.၂၀၁၈)ရက်နေ့၊ မွန်းလွဲ (၂း၀၀)နာရီအချိန် တွင် မိုင်းဆတ်မြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးသွားသော အိမ်ခြေ (၇၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး တစ်အိမ်လျှင် (၁)သိန်းနှုန်းဖြင့် (၇၆)သိန်းအား (၁၉.၅.၂၀၁၈)ရက်နေ့ နံနက် နံနက် (၁၀း၀၀)နာရီတွင် ဘေးသင့််ပြည်သူလက်ဝယ်အရောက် ကွင်းဆင်း ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2018 Source:  ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား)သင်တန်းဖွင့်လှစ်မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၁၈)ရက်နေ့၊ နံနက်(၉း၀၀)နာရီအချိန် တွင် မိုးညှင်းခရိုင်၊ မိုးညှင်းမြို့၌ မြို့နယ်အဆင့်သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်းအား ဖွင့်လှစ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မိုးညှင်းခရိုင်၊ မြို့နယ်အဆင့် အရာရှိ၊ အရာခံများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မိုးညှင်းမြို့ပေါ်ရပ်ကွက် အသီးသီးမှ ပရဟိတ လူငယ်မောင်မယ် စုစုပေါင်း(၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၉-၅-၂၀၁၈)ရက်နေ့မှ (၂၁-၅-၂၀၁၈)ရက် ထိ (၃)ရက်တာကြာ မြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2018 Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၅.၂၀၁၈)နေ့ (၁ရး၀၀)အချိန်တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ပုဗ္ဗသီရိမြို့နယ်၊ သပြေစမ်းကျေးရွာအုပ်စု သပြေစမ်းကျေးရွာ၌ လေဘေးဖြစ်ပွားခဲ့ပါသည်။ အဆိုပါ လေဘေး၌ အမိုးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့သော နေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၅၀၀၀ိ/-)နှင့် ဘေးသင့်လူဦးရေ (၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇×၂၁၀၀ိ/-)နှုန်းဖြင့်(၁၄၇၀၀ိ/-) စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၃၉၇၀၀ိ/-) ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး(၁)အိမ်ထောင်စာအား (၁၉.၅.၂၀၁၈)နေ့(၁၅:၀၀)အချိန်တွင် ပြည်သူများလက်ဝယ်သို့ သွား ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #npw_may2018 Source:  ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events