Author Archives: Aye Kyimann

  • မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်

    ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နှင့် ချင်းပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ် တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ကာ၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် တနင်္သာရီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် နေရာကွက်၍ မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ မောင်တောမြို့တွင် (၆.၀၆)လက်မ၊ ရေးမြို့တွင် (၅.၆၃)လက်မ၊ ပိုင်ကျုံမြို့တွင် (၅.၅၉)လက်မ၊ ဘားအံမြို့တွင် (၄.၂၁)လက်မ၊ ကမမောင်းမြို့တွင် (၄.၀၂)လက်မ၊ … Read more

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၈)ရက်နေ့ (၂၂း၃၀)နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ (၂၈-၇-၂၀၁၈)ရက်နေ့တွင် ရေဘေးရှောင် အိမ်ထောင်စု(၆၈၅)စုမှ လူဦးရေ(၃၀၈၂)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ(၆,၄၇၂,၂၀၀)ကျပ်အားလည်းကောင်း၊ (၂၈-၇-၂၀၁၈)ရက်နေ့တွင် ကျိုက်မရောမြို့နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက်ကျေးရွာ(၁၁)ခုတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၃၂၅၇)စုမှ လူဦးရေ(၁၅၅၉၈)ဦးအတွက်(၁)ဦး လျှင် ခေါက်ဆွဲခြောက်(၂)ထုပ်၊ စုစုပေါင်းခေါက်ဆွဲခြောက်(၃၁၁၉၆)ထုပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၆၁၅၂၈၀)ကျပ်တို့အားလည်းကောင်း (၂၉-၇-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mon_jul2018 Source:    မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီး မှူးရုံးမှ သုံးခွမြို့နယ်၊ ကတုံပေါ်အလယ်ကျေးရွာ၌ (၂၆.၇.၂၀၁၈)ရက်နေ့က လေပြင်တိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးအိမ်ခြေ(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၇)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုးပါ အိမ်ထောင်စု(၂)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀ိ/-)၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၄၇၀၀ိ/-)၊ စုစုပေါင်း ထောက်ပံ့ငွေ(၂၁၄,၇၀၀ိ/-)တို့အား (၂၉.၇.၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #ygn_jul2018 Source:   ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး

  • ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၂၂-၇-၂၀၁၈)ရက်နေ့၌ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီ မြို့နယ်၊ မဲပလဲ့ကျေးရွာနှင့် ကော့ကော်ကျေးရွာရှိ ရေဘေးဒုက္ခခံစားရသူများအတွက် အိမ်ထောင်စု (၁၂၀)စု၊ ကျား (၁၇၀)၊ မ (၂၂၁) ပေါင်း (၃၉၁)ဦးအတွက် ရေသန့်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် (၁) ဦးလျှင် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၂၁,၁၀၀ိ/-) တို့အား (၂၆.၇.၂၀၁၈)ရက်နေ့ ညနေ(၁ရး၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။ #ha_fld #krn_jul2018 … Read more

  • မြစ်ရေကြီးမှူအခြေအနေသတင်း

    ======================================================= ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီ ချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှူ အခြေအနေသတင်းကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်များ၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်နှင့် မဒေါက်မြို့တွင် (၇)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း တောင်ငူမြို့တွင် (၁)ပေခန့်နှင့် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ပါသည်။ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ======================================= ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီ ချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှူ အခြေအနေသတင်းကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။ ======================================= စစ်တောင်းမြစ် စိုးရိမ်ရေမှတ်များ၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်နှင့် မဒေါက်မြို့တွင် (၇)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း တောင်ငူမြို့တွင် (၁)ပေခန့်နှင့် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ======================================= စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယနေ့မြန်မာစံတော်ချိန် … Read more

  • ယနေ့နံနက်(၀၉:၃၀)နာရီအချိန်ထိမိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်

    ================================================= လွန်ခဲ့သော(၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း နှင့် မကွေးတိုင်းဒေသကြီးတို့တွင် နေရာကွက်ကျား၊ မန္တလေးတိုင်းဒေသကြီးတွင် နေရာကျဲကျဲ၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်းနှင့် တောင်ပိုင်း)တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဒေသအလိုက်နှင့် ကချင်ပြည်နယ်တွင် နေရာကွက်၍ မိုးကြီးခဲ့ ပါသည်။ မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ကမမောင်းမြို့တွင် (၈.၅၀)လက်မ၊ ရွှေဂွန်းတွင် (၇.၅၀)လက်မ၊ လှိုင်းဘွဲ့မြို့တွင် (၇.၄၄)လက်မ၊ အမ်းမြို့တွင် (၆.၆၁)လက်မ၊ ဘီးလင်းမြို့တွင် (၅.၅၅)လက်မ၊ တောင်ကုတ်မြို့တွင် … Read more

  • ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ပထမ (၁၀)ရက်ပတ်နှင့် လပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်

    =========================================== မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ၂၀၁၈ ခုနှစ်၊ ဩဂုတ်လပထမ(၁၀) ရက်ပတ်နှင့် ဩဂုတ်လ လပတ် မြစ်ရေအခြေအနေခန့်မှန်းချက်များကို ၂၈-၇-၂၀၁၈ ရက်နေ့တွင် အောက်ပါအတိုင်းထုတ်ပြန်ထားပါတယ်… ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ပထမ (၁၀)ရက်ပတ်အတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက် (၂၈-၇-၂၀၁၈ ရက်နေ့ ထုတ်ပြန်သည်) ၂၀၁၈ခုနှစ် သြဂုတ်လ ပထမ(၁၀)ရက်ပတ်အတွင်း ဧရာဝတီမြစ်ရေသည် မြစ်ကြီးနားမြို့၊ ဗန်းမော်မြို့၊ ရွှေကူမြို့၊ ကသာမြို့နှင့် သပိတ်ကျင်းမြို့တို့တွင် ၅-ပေမှ ၇-ပေခန့်၊ မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ မြင်းမူမြို့၊ ပခုက္ကူမြို့၊ ညောင်ဦးမြို့၊ ချောက်မြို့၊ မင်းဘူးမြို့၊ မကွေးမြို့တို့တွင် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲပြုလုပ်သည့်သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၈)ရက်နေ့တွင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ ကြက်လျှာကျေးရွာ၊ အခြေခံ ပညာမူလတန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေဌခြင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက်(၁၀၀)အလွန်ဆောင်ရွက်မည့် စီမံကိန်းများတွင် တစ်ခု အပါအဝင်ဖြစ်သည့် သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံ အတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆောင်ရွက်ချက်သတင်းများကို အချိန်နှင့် တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေး အန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ … Read more

Sign Up

Upcoming Events