ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

29_Pic_01 29_Pic_02
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၁၈)ရက်နေ့ (၂၂း၃၀)နာရီအချိန်ခန့်တွင် ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရပ်ကွက်/ကျေးရွာများသို့ ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ (၂၈-၇-၂၀၁၈)ရက်နေ့တွင် ရေဘေးရှောင် အိမ်ထောင်စု(၆၈၅)စုမှ လူဦးရေ(၃၀၈၂)ဦး အတွက်(၇)ရက်စာ ဆန်ဖိုးငွေ(၆,၄၇၂,၂၀၀)ကျပ်အားလည်းကောင်း၊ (၂၈-၇-၂၀၁၈)ရက်နေ့တွင် ကျိုက်မရောမြို့နယ်အတွင်း မိုးသည်း ထန်စွာရွာသွန်းခဲ့ပြီး ရပ်ကွက်ကျေးရွာ(၁၁)ခုတွင် ရေဝင်ရောက်မှုဖြစ်ပွားခဲ့ရာ အိမ်ထောင်စု(၃၂၅၇)စုမှ လူဦးရေ(၁၅၅၉၈)ဦးအတွက်(၁)ဦး လျှင် ခေါက်ဆွဲခြောက်(၂)ထုပ်၊ စုစုပေါင်းခေါက်ဆွဲခြောက်(၃၁၁၉၆)ထုပ်၊ စုစုပေါင်းတန်ဖိုးငွေ (၅၆၁၅၂၈၀)ကျပ်တို့အားလည်းကောင်း (၂၉-၇-၂၀၁၈)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ha_fld
#mon_jul2018
Source:    မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events