=======================================
၂၀၁၈ ခုနှစ်၊ ဇူလိုင်လ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီ
ချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှူ
အခြေအနေသတင်းကိုအောက်ပါအတိုင်းထုတ်ပြန်ထားပါသည်။
=======================================
စစ်တောင်းမြစ် စိုးရိမ်ရေမှတ်များ၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်များအရ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ပေဝက်ခန့်နှင့် မဒေါက်မြို့တွင် (၇)ပေခန့် ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း တောင်ငူမြို့တွင် (၁)ပေခန့်နှင့် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့များ၏ စိုးရိမ်ရေမှတ်အသီးသီးအထက် ဆက်လက်တည်ရှိနိုင်ပါသည်။
=======================================
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော (၁၂၇၈)စင်တီမီတာသည် နှစ်ပေါင်း(၅၃)အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပါသည်။ ယခင်အမြင့်ဆုံးရေမှတ်မှာ (၂.၈.၁၉၉၇)ရက်နေ့တွင် တိုင်းတာရရှိသော (၁၂၄၄)စင်တင်မီတာ ဖြစ်ပါသည်။
=======================================
ရွှေကျင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် (၆)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း (၂)ပေခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
=======================================
ပဲခူးမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၃)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၁)ရက်အတွင်း ပေဝက်ခန့် ဆက်လက်တက်လာ နိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော (၉၆၈) စင်တီမီတာသည် နှစ်ပေါင်း(၅၄)အတွင်း အမြင့်ဆုံးရေမှတ်ဖြစ်ပါသည်။ ယခင်အမြင့်ဆုံးရေမှတ်မှာ (၁၀.၈.၂၀၁၁) ရက်နေ့တွင် တိုင်းတာရရှိသော (၉၆၀)စင်တင်မီတာ ဖြစ်ပါသည်။
=======================================
သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၅)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း (၁)ပေခန့် ဆက်လက် တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
=======================================
ဘီးလင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ
ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဘီးလင်းမြစ်ရေသည် ဘီးလင်းမြို့တွင် (၂)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။
=======================================
အကြံပြုချက်
သို့ဖြစ်ပါ၍ ဘားအံမြို့နယ်၊ ပဲခူးမြို့နယ်၊ ရွှေကျင်မြို့နယ်နှင့် မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသူများအနေဖြင့် မြစ်ရေကြီးမှုဘေးအန္တရာယ်မှ ကင်းလွတ်ရာသို့ ရှောင်ရှားကြပါရန်နှင့် တောင်ငူမြို့နယ်နှင့် ဘီးလင်းမြို့နယ်များအတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။