ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

29_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့တွင် (၂၂-၇-၂၀၁၈)ရက်နေ့၌ သောင်ရင်းမြစ်ရေမြင့်တက်မှုကြောင့် မြဝတီ မြို့နယ်၊ မဲပလဲ့ကျေးရွာနှင့် ကော့ကော်ကျေးရွာရှိ ရေဘေးဒုက္ခခံစားရသူများအတွက် အိမ်ထောင်စု (၁၂၀)စု၊ ကျား (၁၇၀)၊ မ (၂၂၁) ပေါင်း (၃၉၁)ဦးအတွက် ရေသန့်၊ ဆီ၊ ကြက်ဥ၊ ခေါက်ဆွဲခြောက်၊ ငါးသေတ္တာနှင့် (၁) ဦးလျှင် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၈၂၁,၁၀၀ိ/-) တို့အား (၂၆.၇.၂၀၁၈)ရက်နေ့ ညနေ(၁ရး၀၀)နာရီတွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
#ha_fld
#krn_jul2018
Source:  မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events