Author Archives: Aye Kyimann

  • ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၁၈)ရက်နေ့တွင် (၁၀း၀၀)မှ (၁၂း၃၀)နာရီအချိန်ထိ ပျဉ်းမနားမြို့နယ်၊ (အ.ထ.က – ၅) ကျောင်းရှိ ကျောင်းသား/သူ (၁၅၀)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောခြင်းနှင့် သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ကြောင်း သတင်း ရရှိပါသည်။ #ar_simex_eqk #npw_aug2018 Source:   ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • မုန်တိုင်‌းသဏ္ဍာန်တူဇာတ်တိုက်‌‌လေ့ကျင်‌့ခန်‌းပြုလုပ်ရန်အကြိုညှိနှိုင်‌းအစည်‌းအ‌ဝေးပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် သြဂုတ်လ(၉)ရက်‌‌နေ့တွင် ဖျာပုံမြိုနယ်၊ အမာမြို့၊ ဒေါ်ငြိမ်‌း‌ကျေးရွာအုပ်စု၊ အုပ်ချုပ်‌‌ရေးမှူးရုံးခန်‌းတွင် သြဂုတ်လ (၁၁) ရက်‌‌နေ့တွင်ကျင်‌းပပြုလုပ်မည်‌့ မုန်တိုင်‌းသဏ္ဍာန်တူဇာတ်တိုက်‌‌လေ့ကျင်‌့ခန်‌းပြုလုပ်ရန် အကြိုညှိနှိုင်‌းအစည်‌းအ‌ဝေးအား ‌ဒေါ်ငြိမ်းကျေးရွာအုပ်စုအတွင်‌းရှိ ကျန်‌းမာ‌ရေးမှူး၊ မီးသတ်တပ်ဖွဲ့မှူး၊ အုပ်ချုပ်‌‌ရေးမှူး၊ တာဝန်ခံများ၊ ရာအိမ်မှူးဆယ်အိမ်မှူးများနှင်‌့အတူ ကျင်‌းပပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ #simex_str #ayy_aug2018 Source:    ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးဆိုင်ရာအသိပညာပေးဟောပြောမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၈.၂၀၁၈)ရက်နေ့တွင် ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ်၊ အ.ထ.က(ဘောလခဲ)ကျောင်း၊ ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးအားလည်းကောင်း၊ (၇.၈.၂၀၁၈)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ အ.ထ.က(ရွာသစ်)ကျောင်း၊ ကျောင်းသား/ကျောင်းသူ(၂၀၀) ဦးအားလည်းကောင်း သဘာဝဘေးဆိုင်ရာအသိပညာပေးဟောပြောခဲ့ပြီး၊ တက်ရောက်လာသူများကို လက်ကမ်းစာစောင်များဝေငှခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kyh_aug2018 Source:  ကယားပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၉.၈.၂၀၁၈)ရက်နေ့ နံနက်ပိုင်းတွင် ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ကလောမြို့ အထက(၁)၌ ကျင်းပပြုလုပ်ရာ ငလျင်ဘေးနှင့်ပတ်သက်သည့် ဗီနိုင်းပိုစတာများခင်းကျင်းပြသခြင်း၊ ငလျင်ဘေးအသိပညာပေးဟောပြောပွဲ ပြုလုပ်ခြင်း၊ ကျောင်းသား/ သူများအား ငလျင်ဆိုင်ရာဗဟုသုတ မေးခွန်းများမေးမြန်းပြီး လက်ဆောင်ပစ္စည်းများပေးခြင်း၊ ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းဗွီဒီယိုဖိုင်ပြသခြင်းနှင့် ငလျင်လှုပ်ခတ်နေစဉ် ကွင်းပြင်သို့ ပြေးထွက်နေရာယူခြင်းနှင့် စာသင်ခန်းအတွင်း နေရာယူခြင်းအစရှိသည့် ဇာတ်တိုက်လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး ဆရာ/ဆရာမနှင့် ကျောင်းသား/သူ (၇၀၀)ဦးခန့် ပါဝင်လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါ သည်။ #ar_simex_eqk #shn_aug2018 Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး … Read more

  • ငလျင်ဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများမှ ဦးစီး၍ (၈-၈-၂၀၁၈)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်မှ (၁၁:၁၀)အချိန်ထိ ငလျင်ဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းအား ဇမ္ဗူသီရိမြို့နယ်၊ သူနာပြုသင်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီတို့မှ ဌာနဆိုင်ရာအင်အား (၁၀၀)ဦးနှင့် သူနာပြုသင်တန်းကျောင်းအုပ်ဆရာမကြီးနှင့် သင်းတန်းသူ/ သင်တန်း သား (၂၂၀)ဦး စုစုပေါင်းလူဦးရေ(၃၂၀)ဦးခန့်တို့ ပူးပေါင်းပါဝင်၍ ဇာတ်တိုက်လေ့ကျင့်ခန်းဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar_simex_eqk #mgy_aug2018 Sourceး    ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၇.၈.၂၀၁၈)ရက်နေ့ (၁၀း၁၅) အချိန်နှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာတို့်တွင်(၈.၈.၂၀၁၈)ရက်နေ့ (၁၀း၃၀)အချိန်တို့၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စားကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၉)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၀၀၈၀၀/-)အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/- )စုစုပေါင်း(၁၀၀၀၈၀၀/-)ကျပ်တို့အား (၈.၈.၂၀၁၈)ရက်နေ့ တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ================================================ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ မြစ်ရေကြီးမှုအခြေအနေသတင်းကိုအောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့ တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း (၁)ပေခန့် ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ သံလွင်မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် (၂)ပေခွဲခန့် … Read more

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ ဆိက္ခ၀ ကျေးရွာအုပ်စု၊ အနောက်သီရိကျေးရွာတွင် (၇-၈-၂၀၁၈)ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ် (၁၅)လုံး၊ အိမ်ထောင်စု(၁၅)စု၊ လူဦးရေ(၅၇)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၇)ရက်စာဖိုး (၁၁၉၇၀၀/) ကျပ်၊ စုစုပေါင်း(၁၆၁၉၇၀၀/-)ကျပ်နှင့် ပြောင်းရွှေ့အိမ်ခြေအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး အိမ်ထောင်စု(၁၅)စုတို့အား (၈-၈-၂၀၁၈)ရက် နေ့တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_aug2018 Source:   ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးသင့် ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ ရပ်သာအုပ်စု၊ ကိုင်းကျေးရွာတွင် (၅.၈.၂၀၁၈)ရက်နေ့ ဘူးရိုးချောင်းကမ်းပါးပြိုကျမှု ကြောင့် ပြောင်းရွှေ့နေအိမ်(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀/-)ကျပ်အား (၈.၈.၂၀၁၈)ရက်နေ့၊ နေ့လည် (၁၂း၃၀)နာရီအချိန်တွင် ပန်းတောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_aug2018 Source:   ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့ က လာရောက်တွေ့ဆုံမှုသတင်း

    နေပြည်တော်၊ သြဂုတ် ၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား Plan International Myanmar မှ Country Director ဖြစ်သူ Mr. Kelly Stevenson ဦးဆောင်သောအဖွဲ့က ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် Plan International အဖွဲ့အစည်းအနေဖြင့် ဝန်ကြီးဌာနရှိ ဘေးအန္တရယ် စီမံခန့်ခွဲမှုဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာချုပ်ဆိုရန် ညှိနှိုင်းဆောင်ရွက်နေမှုကိစ္စများ၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် နားလည်မှုစာချွန်လွှာရေးထိုးထားရှိပြီး လူငယ်ရေးရာမူဝါဒဆိုင်ရာကိစ္စရပ်များ၊ ရှေးဦးအရွယ်ကလေး သူငယ်ပြုစုပျိုးထောင်ရေးလုပ်ငန်းများ၊ ကလေးသူငယ်များအား အကြမ်းဖက်မှုမှ … Read more

Sign Up

Upcoming Events