
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့်ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၇.၈.၂၀၁၈)ရက်နေ့ (၁၀း၁၅) အချိန်နှင့် အောင်ပန်းချောင်းကျေးရွာအုပ်စု၊ အောင်ပန်းချောင်းကျေးရွာ၊ ညောင်ဇောက်ကျေးရွာအုပ်စု၊ ကျောမကြားကျေးရွာတို့်တွင်(၈.၈.၂၀၁၈)ရက်နေ့ (၁၀း၃၀)အချိန်တို့၌ ချင်းတွင်းမြစ်နှင့် ဧရာဝတီမြစ်ရေတိုက်စားကမ်းပြိုမှုကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများ ဆောင်ရွက်ခဲ့ကြရာ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၉)လုံး၊ အိမ်ထောင်စု(၁၀)စု၊ လူဦးရေ(၄၈)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊ ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၀၀၈၀၀/-)အိမ်ဆောက်ပစ္စည်းဖိုး (၉၀၀၀၀၀/- )စုစုပေါင်း(၁၀၀၀၈၀၀/-)ကျပ်တို့အား (၈.၈.၂၀၁၈)ရက်နေ့ တွင် ရေစကြိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_rbe
#mgy_aug2018
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)