Author Archives: Aye Kyimann

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု ရွာမကျေးရွာ၌ (၃.၁၂.၂၀၁၈)ရက်နေ့တွင် ကမ်းပြိုဘေးကြောင့် ကြိုတင် ဖျက်သိမ်းပြောင်းရွှေ့ခဲ့သည့်နေအိမ် (၁၄)လုံး အိမ်ထောင်စု(၁၄)စုအတွက် အိမ်ထောင်စုတစ်စုလျှင် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး စုစုပေါင်း အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၁,၄၀၀,၀၀၀/-)ကျပ် စုစုပေါင်းလူဦးရေ (၆၁)ဦးအတွက် ဆန်ရိက္ခာဖိုးရန်ပုံငွေ (၁၂၈,၁၀၀/-)ကျပ် စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၁,၅၂၈,၁၀၀/-)တို့အား (၅.၁၂.၂၀၁၈)ရက်နေ့ (၁၀း၂၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_dec2018 Source:     မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့ အစည်းများ တွေ့ဆုံဆွေးနွေးမှုသတင်း

    ဒီဇင်ဘာ ၄၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာအကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများ၊ မိတ်ဖက် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ရုံးအမှတ်(၂၃)၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ရခိုင်ပြည်နယ်ဆိုင် ရာအကြံချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး တက်ရောက်၍ ညှိနှိုင်း ဆွေးနွေး အမှာစကားပြောကြားခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးက အစိုးရသစ်တာဝန် ယူချိန်မှစတင်၍ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီများဖြင့် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ရခိုင်ပြည်နယ် အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အကြံပြုချက်များကိုရယူခဲ့ပါကြောင်း၊ ဤအချက်များသည် အစိုးရသစ်၏ … Read more

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအုပ်စု၊ ကြိတ်တန်းကျေးရွာ တွင် (၃၀.၁၁.၂၀၁၈)နေ့၌ မီးဘေးသင့်အိမ်ခြေ (၂) လုံး၊ ၎င်းအိမ်ထောင်စု (၂)စုရှိ လူဦးရေ (၅)ဦးတို့အတွက် (၃၂၃၅၃)ကျပ်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၂)အိမ်ထောင်စာ ကိုလည်းကောင်း၊ အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၀၅၀ဝ/-)ကျပ်၊ စုစုပေါင်းကယ်ဆယ်ရေး ရန်ပုံငွေ (၃၁၀၅၀ဝ/-) ကျပ်တို့အား (၃-၁၂-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #ayy_dec2018 Source:    … Read more

  • သဘာဝဘေးအသိပညာပေး ဟောပြောဆွေးနွေးမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈)ရက်နေ့ နေ့လည်ပိုင်းတွင် ဆီဆိုင်မြို့နယ်၊ အ.ထ.က ဘန်းယဉ်ကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ (၂၇၀)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်း လဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာ မှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟော ပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေး ဗီဒီယိုပြသခြင်းနှင့် လက်ကမ်းစာစောင်ပေးဝေခြင်း များဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးမှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃.၁၂.၂၀၁၈)ရက်နေ့၊ နံနက်ပိုင်းတွင် ဆီဆိုင်မြို့နယ် အ.ထ.က နောင်မွန်ကျောင်း၌ သဘာဝဘေး အသိပညာပေးဟော ပြောကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၄ဝဝ)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွား လာ မှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင်များပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_dec2018 Source:     ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် သောက်သုံး‌ရေကန်‌ပြင်ဆင်‌‌နေမှုအ‌ခြေအ‌နေအား ကြည်‌့ရှုစစ်‌‌ဆေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အ‌ခြေခံပညာဦးစီးဌာန၊ မြို့နယ်အ‌ထွေ‌ထွေအုပ်ချုပ်‌‌ရေးဦးစီးဌာနတို့နှင်‌့ ပူး‌ပေါင်‌း၍ နိုဝင်ဘာလ (၂၉)ရက်‌‌နေ့ (၁၃း၀၀)နာရီမှ (၁၅း၀၀)နာရီအထိ ဖျာပုံမြို့နယ်၊ တင်ပုလွှဲကျေးရွာ အုပ်စု၊ တင်ပုလွှဲ အ.လ.က‌ကျောင်‌း တွင် သဘာဝ‌ဘေး‌လျော့ပါး‌ရေး အသိ ပညာ‌ပေး‌ဟော‌ပြော ပွဲကျင်‌းပခဲ့ရာ ဆရာဆရာမ၊ ကျောင်‌းသူ၊ ကျောင်‌းသား (၂၀၀)ဦးတက်ရောက်ခဲ့ပြီး လက်ကမ်‌းစာ‌စောင်နှင်‌့ ဗီနိုင်‌းပိုစတာများ ဖြန့်‌ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။ တင်ပုလွှဲကျေးရွာသည် ပင်လယ်နှင်‌့နီးစပ်‌‌သော‌ဒေသဖြစ်ပြီး နာဂစ်မုန်တိုင်‌းဒဏ်ခံစားခဲ့ရ‌သော ဒေသဖြစ်သဖြင်‌့ မုန်တိုင်‌း‌ဘေး၊ ဆူနာမီ‌ဘေးများနှင်‌့ ပတ်သက်၍ အသိပညာပြည်သူများ ဗဟုသုတများနှင်‌့  … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၁.၂၀၁၈)ရက်နေ့၊ နေ့လယ်ပိုင်းတွင် ဟိုပုံးမြို့ အ.ထ.က စမ်းစုတ်ကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား/သူ(၃၅၀)ဦး တက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာမှု နှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြော ခြင်း၊ သဘာဝဘေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်း၊ လက်ကမ်းစာစောင်များပေးဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2018 Source:     ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြု လုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၁၁.၂၀၁၈) ရက်နေ့၊ နံနက်ပိုင်းတွင် ဟိုပုံးမြို့ အလက နောင်တောင်းကျောင်း၌ သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ(၈၀)ဦးတက်ရောက်ခဲ့ပြီး ရာသီဥတုပြောင်းလဲမှုဖြစ်စဉ်များ၊ သဘာဝဘေးအန္တရာယ်များ ဖြစ်ပွားလာမှုနှင့် ငလျင်ဘေး၊ ရေဘေး၊ မိုးကြိုးဘေး၊ လေပြင်းဘေးနှင့် အခြားသဘာဝဘေးများအတွက် ဆောင်ရန်/ ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ သဘာဝဘေးဆိုင်ရာအသိပညာပေးဗီဒီယိုပြသခြင်း လက်ကမ်းစာစောင်များပေးဝေခြင်းများပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #shn_nov2018 Source:     ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော ပွဲနှင့် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးနှင့် ပူတာအိုခရိုင်/မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့တို့ပူးပေါင်း၍ သဘာဝဘေး အသိပညာပေးဟောပြောပွဲနှင့် ငလျင်ဇာတ်တိုက် လေ့ကျင့်ခန်းအား (၂၈-၁၁-၂၀၁၈)ရက်နေ့ နံနက်(၀၉း၃၀)အချိန်တွင် အ.ထ.က(ပူတာအို)၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အခမ်းအနားတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှကေသီမာက ဟောပြောပွဲနှင့် ဇာတ်တိုက် လေ့ကျင့်ခန်းပြုလုပ်ရသည့်ရည်ရွယ်ချက် ဘေးအန္တရာယ်ဖြစ်ပေါ်လာပါက တုံ့ပြန်ဆောင်ရွက်ရ မည့်အစီအစဉ်များအပါအဝင် ကြိုတင်ပြင်ဆင် ထားမှုများနှင့် တုံ့ပြန်ဆောင်ရွက်မှုများ ပိုမို အားကောင်းလာစေရန်အတွက် ငလျင်ဇာတ် တိုက်လေ့ကျင့်ခန်းသဏ္ဍာန်တူပြုလုပ်ခြင်းများအား ရှင်း လင်းပြောကြားခဲ့ပြီး သဘာဝဘေး အသိပညာများအား ဟောပြောဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား … Read more

Sign Up

Upcoming Events