Author Archives: Aye Kyimann
-
သရက်ခရိုင်ဦးစီးမှူးရုံးမှ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေများလှူဒါန်းပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၆.၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ ငလှိုင်ခြုံရေနံနယ်မြေ၊ တောရကျောင်းဘုရားကုန်းရပ်ရှိ ဘုန်းတော်ကြီးကျောင်းသို့ သောက်သုံးရေဂါလံ (၆၀၀၀)ကို ရေသယ်ယာဉ်ဖြင့် သွားရောက်လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source: သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၆.၁၉)ရက်နေ့၌ ကသာမြို့နယ်၊ ကျောင်ထုံးကြီးကျေးရွာတွင် ကျေးရွာသူ၊ ကျေးရွာသား(၉၀)ဦးခန့်ကို သဘာဘေး အန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #sgg_jun2019 Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၈.၆.၂၀၁၉)ရက်နေ့တွင် မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၌ မိုးသက်လေပြင်းကြောင့် သစ်ပင်ဖိကာ ပြိုလဲပျက်စီးခဲ့သောအိမ်၁လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်း၊ ယိုင်နဲ့အိမ်ခြေ (၁)လုံးအ တွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)စုစာ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်း လူဦးရေ(၁၄)ဦးအတွက် ဆန်ဘိုး (၂၉,၄၀၀/-)ကျပ်တို့ကို (၁၈.၆.၂၀၁၉) ရက်နေ့ (၁၄း၅၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more
-
မြိတ်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီတပ်ဖွဲ့၊ မြို့နယ်သဘာဝဘေးကော်မတီလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ (၁၈.၆.၂၀၁၉)ရက်နေ့ မြိတ်မြို့နယ်၊ အင်္ဂမော်ကျေးရွာ၌ မိုးသက်လေပြင်းကြောင့် သစ်ပင်ပိကာ ပြိုလဲခဲ့သော အိမ်ခြေ(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုး (၁)စုစာ၊ အိမ်ဆောက်ပစ္စည်းဖိုး၊ (၁)သိန်းနှင့် လူ (၅)ဦးအတွက် ဆန်ဘိုး (၁၀,၅၀၀/-)ကျပ်တို့အား (၁၈.၆.၂၀၁၉) ရက်နေ့ (၁၃း၅၀)နာရီ အချိန်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
တိုက်ပွဲရှောင်စခန်းများရှိ အမျိုးသမီးများအတွက် အမျိုးသမီးလစဉ်သုံးပစ္စည်းများထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ယာယီခိုလှုံလျက်ရှိသော တိုက်ပွဲရှောင်စခန်းများရှိ အမျိုးသမီးများအတွက် ရည်ရွယ်ကာ အမျိုးသမီးလစဉ်သုံးပစ္စည်းများအား စစ်တွေမြို့နယ်အတွင်းရှိ (၃၄)ဦးအတွက် (၃၄) ထုပ် (၁၀ ခုပါ)၊ ပုဏ္ဏားကျွန်းမြို့နယ် အတွင်းရှိ (၄၀၁) ဦးအတွက် (၄၀၁)ထုပ် (၁၀ ခုပါ)၊ ကျောက်တော်မြို့နယ်အတွင်းရှိ (၇၅၁) ဦးအတွက် (၇၅၁) ထုပ် (၁၀ ခုပါ)၊ စုစုပေါင်း လူဦးရေ(၁၁၈၆) ဦး အတွက် အမျိုးသမီးလစဉ်သုံးပစ္စည်း (၁၁၈၆) ထုပ်အား (၁၉-၆-၂၀၁၉)ရက်နေ့တွင် … Read more
-
မွန်ပြည်နယ်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၉)ရက်နေ့. နံနက် (၁၀း၀၀) နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့နယ် ရိုးဂိုး ကျေးရွာအုပ်စု၊ မော်လမြိုင်-ကျိုက်က္ခမီလမ်းမဘေးရှိ Neo More ကုမ္ပဏီ Rc (၂) ထပ် အဆောက်အဦ၏ အမိုးသွပ်(၂၂၀)ခန့် လွင့်စင် ပျက်စီး ခြင်းနှင့် ရိုးဂိုးကျေးရွာအုပ်စု. ရိုးဂိုးရွာဟောင်းလမ်း ကျခပ်ချောင်းဘေးရှိ ပျဉ်ထောင်(၂)ထပ်နေအိမ်နောက်ပိုင်း၏ အမိုးသွပ်များ လွင့်စင် ပျက်စီး မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်အတွက် မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)မှ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်ကိုလည်းကောင်း၊ … Read more
-
သဘာဝဘေးလျော့ပါးရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၉-၆-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီး စသည့် သင်တန်းသုံးပစ္စည်းများဖြည့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၉-၆-၂၀၁၉) ရက်နေ့မှ (၂၁-၆-၂၀၁၉) … Read more
-
သဘာဝဘေး၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပမှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၈-၆-၂၀၁၉)ရက်နေ့ ညနေ (၁၅း၃၀)နာရီမှ (၁ရး၃၀)နာရီထိ တာချီလိတ်မြို့နယ်၊ လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ဟွေရဲကျေးရွာရှိ ရွှေတောင်တန်းလူငယ် ဖွံ့ဖြိုးရေးပရဟိဂေဟာ၌ ပညာ သင်ကြားသည့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၄၀)ဦးအား သဘာဝဘေးအသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေးခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-မိုးညိုတွင် ကျောင်းတွင်အခြေပြု သဘာဝဘေးအန္တရာယ်ဆိုင် အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသော ကျောင်းသား (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေး ဆင့်ပွားသင်တန်းပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူ(၁၅၀၀)ဦးခန့်ဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #simex_eqk #bgo_jun2019 Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မသန်စွမ်းအသင်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း
နေပြည်တော်၊ ဇွန် ၁၈ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မသန်စွမ်းအသင်းများမှ တာဝန်ရှိသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်တွင် မသန်စွမ်းသူများနှင့် ပတ်သက်ပြီး အကောင်းဆုံး ဖြစ်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးရေးကို အလေးထားပါကြောင်း၊ မသန်စွမ်းသူများ အားလုံးတန်းတူညီမျှ အကျိုးခံစားခွင့်ရရှိပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ကဏ္ဍအသီးသီးမှ ဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ … Read more
