Author Archives: Aye Kyimann

  • ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဆိုင်းဘုတ်များစိုက်ထူပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် World Vision တို့ပူးပေါင်း၍ (၁၁-၆-၂၀၁၉)ရက်နေ့တွင် ကော့သောင်းမြို့နယ်၊ ရွှေဇင်ယော်ရပ်ကွက်နှင့် အေးရိပ်ငြိမ်ရပ်ကွက်တို့တွင် သဘာဝဘေးအသိပညာပေးဆိုင်းဘုတ်များစိုက်ထူခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ လေပြင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၆-၂၀၁၉)ရက်နေ့ ကော့သောင်းမြို့နယ်၊ ချန်းဖန်းကျေးရွာအုပ်စု၊ ဘန်နွားကျေးရွာတွင် ဖြစ်ပွားသည့် မိုးသက်လေပြင်းဘေးကြောင့် ဘေးသင့်အိမ်ခြေ(၂)၊ အိမ်ထောင်စု(၂)၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုးနှင့် ထောက်ပံ့ငွေ (၁၆၀,၀၀၀/-)ကျပ်တို့အား (၉-၆-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #tny_jun2019 Source:  ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၆.၂၀၁၉)ရက်နေ့တွင် မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် အမှတ်(၁)ရပ်ကွက် ယမုံနာလမ်း၌ ဖြစ်ပွားသည့် မီးဘေးသင့် အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဘိုး (၁၀၀,၀၀၀/-)ကျပ် အိမ်ထောင်စု (၁)စုမှ လူဦးရေ(၄)ဦးအတွက် ဆန်ဘိုး(၇)ရက်စာ ထောက်ပံ့ငွေကျပ် (၈,၄၀၀/-)၊  (၃၂,၃၅၃/-)တန်ဖိုးရှိ ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(၁)စုစာနှင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၁၀၈,၄၀၀/-) ကျပ်တို့အား (၁၁.၆.၂၀၁၉)နေ့ နံနက်(၁၁း၀၀)နာရီချိန်တွင် ဘေးသင့်သူများထံအရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #tny_jun2019 Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်း(Emergency Logistics Training ) ဖွင့်ပွဲအခမ်းအနား ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်

    ဇွန် ၁၀၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ကမ္ဘာ့ စားနပ်ရိက္ခာအစီအစဉ်တို့ ပူးပေါင်းဖွင့်လှစ်သည့် အရေးပေါ်ထောက်ပံ့ပို့ဆောင်ရေးသင်တန်း (Emergency Logistics Training) ကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၊ ရွှေအိမ်စံဟိုတယ်၌ ကျင်းပရာ ဒုတိယဝန်ကြီးဦးစိုးအောင် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားပါသည်။ ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ယခုကျင်းပပြုလုပ်သည့် အရေးပေါ် ထောက်ပံ့ပို့ဆောင်ရေးသင်တန်းဖွင့်လှစ် နိုင်ရေးအတွက် အကူအညီပေးခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အား ကျေးဇူးတင်ရှိပါကြောင်း၊ ပထမအကြိမ် သင်တန်းကို ၂၀၁၇ ခုနှစ်က ပို့ချခဲ့ပြီး … Read more

  • ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူး ရုံးမှ တာဝန်‌ရှိသူများသည် (၈-၆-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော  ရေစကြိုမြို့နယ်၊ ရှင်မတောင် တောင်ပေါ် တွင် သီတင်းသုံးနေထိုင်သော အရှင်သံဃာတော်များ၊ သီလရှင်များနှင့် တောတွင်းတိရစ္ဆာန်များအတွက် သောက်သုံးရေ ဂါလံ(၂၈၀၀)ဆံ့ (၂)စီးကို ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ရေသယ်ယာဉ်အား တောင်ခြေတွင်ထားရှိပြီး သောက်သုံးရေ(၅)ဂါလံဆန့်ပုံး များအား ကားငယ်များပေါ် တင်ဆောင်၍ ပို့ဆောင်ဖြန့်ဝေခဲ့ပါသည်။ သောက်သုံးရေဖြန့်ဝေနိုင်ရန်အတွက် မြသဇင် စက်သုံးဆီဆိုင်(ရေစကြို)ရေတိုင်မှ ရေကားသို့ သောက်သုံးရေ အခမဲ့ဖြည့်ပေးခြင်းဖြင့် ဝိုင်းဝန်းကူညီပံ့ပိုးခဲ့ပါသည်။ သောက်သုံးရေဖြန့်ဝေရာတွင် ရင်ခွင့်မဲ့ကလေးငယ်များလျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း (ရေစကြို)၊ အမျိုးသား … Read more

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းပြုမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီး ဦးစီးမှူးရုံးနှင့် သာပေါင်းမြို့နယ်မှ တာဝန်ရှိသူများသည် (၈-၆-၂၀၁၉) ရက်နေ့နှင့် (၉-၆-၂၀၁၉) ရက်နေ့များတွင်  ကြက်ခြေနီတပ်ဖွဲ့မှ ကြီးမှူး ကျင်းပသော သာပေါင်းမြို့၊ သင်္ကန်းပင်ဆိပ်ကျေးရွာအုပ်စု သင်္ကန်းပင်ဆိပ်ကျေးရွာ၌ ကျင်းပပြုလုပ်သည့် သဘာဝဘေးလျော့ပါးရေး အသိ ပညာပေးဟောပြောပွဲနှင့် ရေဘေးဇာတ်တိုက်လေ့ကျင့်ခန်းအား  ကျေးရွာသူ/ ကျေးရွာသား (၂၀၀) ဦးဖြင့် ကျင်းပခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #simex_fld #ayy_jun2019 Source:       ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် နေပြည်တော်တိုင်း ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဌတို့သည် (၇-၆-၂၀၁၉) ရက်နေ့ (၁၂း၀၀) အချိန်မှ (၁၅း၀၀) အချိန်ထိ သောက်သုံးရေအခက်အခဲရှိသော ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်၊ အောင်သာကျေးရွာအုပ်စု၊ အောင်သာကျေးရွာ အမှတ်(၇) နယ်မြေစုရှိ အိမ်ခြေ(၉၀)အတွက်လည်းကောင်း၊ အမှတ်(၈) အောင်သပြေကျေးရွာရှိ အိမ်ခြေ (၅၈)အတွက် လည်းကောင်း၊ စုစုပေါင်း ကျေးရွာနေပြည်သူလူထု (၆၆၁)ဦးအတွက် သောက်ရေ(၂၀)လီတာဘူး စုစုပေါင်း(၂၄၀)ဘူးအား သွားရောက် ထောက်ပံ့ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #npw_jun2019 Source:       … Read more

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ကြံခင်းမြို့နယ် (တလိုင်းကွင်း၊ ကဇင်းကြီး)ကျေးရွာအုပ်စု၊ (ပန်းရံစု၊ ကဇင်းကြီး)ကျေးရွာတို့တွင် (၃၁-၅-၂၀၁၉) နေ့ဖြစ်ပွားသောလေဘေးသင့်တစ်စိတ်တစ်ပိုင်းအိမ်ခြေ (၂)လုံး၊ အိမ်ထောင်စု(၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးကျပ် (၁၈၀,၀၀၀/-)၊ ဘေး သင့်လူဦးရေ (၅)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာရန်ပုံ ငွေကျပ်(၁၀,၅၀၀/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၉၀,၅၀၀/-)ကို (၇-၆-၂၀၁၉)ရက်နေ့ တွင် ကြံခင်းမြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2019 Source:       ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၅.၆.၂၀၁၉)ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာတွင် ကမ်းပြိုကြိုရွှေ့ နေအိမ် (၁၈)လုံးအတွက် ထောက်ပံ့ငွေ (၁,၈၀၀,၀၀၀)ကျပ်ကို (၇.၆.၂၀၁၉)ရက်နေ့၌ ရွှေတောင်မြိုနယ်မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရွှေတောင် မြို့နယ်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (၂)၊ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ပြည်သူ့လက်ဝယ် အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပြီး ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #bgo_jun2019 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ စာသင်ကျောင်းများဆောက်လုပ်ရန် သယ်ယူစရိတ်ကုန်ကျငွေအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ ကံပြင်ကျေးရွာ၊ လွန်ဦးကျေးရွာ၊ ဇီးချေမော်ကျေးရွာနှင့် ပြင်မကျေးရွာရှိ စာသင် ကျောင်းများအတွက် Assembled Board House (၁၈)ပေ (၅)ခန်းတွဲ(၄)လုံး ဆောက်လုပ်ရန် သယ်ယူပို့ဆောင်စရိတ်ကုန်ကျငွေ ကျပ်သိန်း (၁၀,၀၀၀,၀၀၀/-)ကို (၇-၆-၂၀၁၉)ရက်တွင် စာချဆရာတော်ဦးဉာဏ၏ နောင်တော်အရင်းဦးနန္ဒသာရထံသို့ လွှဲပြောင်းထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိပါသည်။ #otr #rke_jun2019 Source:  ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events