လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၉)ရက်နေ့. နံနက် (၁၀း၀၀) နာရီအချိန်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် မော်လမြိုင်မြို့နယ် ရိုးဂိုး ကျေးရွာအုပ်စု၊ မော်လမြိုင်-ကျိုက်က္ခမီလမ်းမဘေးရှိ Neo More ကုမ္ပဏီ Rc (၂) ထပ် အဆောက်အဦ၏ အမိုးသွပ်(၂၂၀)ခန့် လွင့်စင် ပျက်စီး ခြင်းနှင့် ရိုးဂိုးကျေးရွာအုပ်စု. ရိုးဂိုးရွာဟောင်းလမ်း ကျခပ်ချောင်းဘေးရှိ ပျဉ်ထောင်(၂)ထပ်နေအိမ်နောက်ပိုင်း၏ အမိုးသွပ်များ လွင့်စင် ပျက်စီး မှုဖြစ်ပွားခဲ့ပါသည်။ အဆိုပါ တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ်အတွက် မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)မှ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်ကိုလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်မှ ဘေးသင့်လူဦးရေ (၇)ဦးအတွက် (၇)ရက်စာ ဆန်ဖိုးငွေ(၁၅,၀၀၀)ကျပ်နှင့် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၅၀,၀၀၀)ကျပ်တို့ကို လည်းကောင်း ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#sgg_jun2019
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)