သဘာဝဘေးလျော့ပါးရေး လူငယ်ဆင့်ပွားသင့်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပမှုသတင်း

19_Pic_01 19_Pic_02 19_Pic_03

လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ (၁၉-၆-၂၀၁၉) ရက်နေ့၊ နံနက် (၀၉:၀၀) နာရီအချိန်တွင် သဘာဝဘေးလျော့ပါးရေးလူငယ်ဆင့်ပွားသင့်တန်းဖွင့်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ရာ ဌာန ဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်မိ/ရပ်ဖများ၊ သင်တန်းသား/သူ (၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ ဝေါဟာရများနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောပို့ချခြင်း၊ တီရှပ်၊ မိုးကာ၊ ဦးထုပ်၊ ဓာတ်မီး စသည့် သင်တန်းသုံးပစ္စည်းများဖြည့်ဝေပေးခြင်းတို့ ဆောင်ရွက်ခဲ့ပါသည်။ သင်တန်းကာလမှာ (၁၉-၆-၂၀၁၉) ရက်နေ့မှ (၂၁-၆-၂၀၁၉) ရက်နေ့ထိ (၃) ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။

#ar

#sgg_jun2019

Source:  စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events