လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-မိုးညိုတွင် ကျောင်းတွင်အခြေပြု သဘာဝဘေးအန္တရာယ်ဆိုင် အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသော ကျောင်းသား (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေး ဆင့်ပွားသင်တန်းပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူ(၁၅၀၀)ဦးခန့်ဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#simex_eqk
#bgo_jun2019
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)