Author Archives: Aye Kyimann

  • မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးဟောပြောပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈-၆-၂၀၁၉)ရက်နေ့ (၁၃း၀၀)နာရီအချိန်တွင် မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း အ.ထ.က-မိုးညိုတွင် ကျောင်းတွင်အခြေပြု သဘာဝဘေးအန္တရာယ်ဆိုင် အသိပညာပေးဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းအစီအစဉ်ကို ကျင်းပခဲ့ရာ ပထမဦးစွာရွေးချယ်ထားသော ကျောင်းသား (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်အသိပညာပေး ဆင့်ပွားသင်တန်းပေးခဲ့ပြီး ဆရာ၊ ဆရာမများနှင့် ကျောင်သား၊ ကျောင်းသူ(၁၅၀၀)ဦးခန့်ဖြင့် ငလျင်သရုပ်ပြလေ့ကျင့်ခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ပြီး လက်ကမ်း စာစောင်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #simex_eqk #bgo_jun2019 Source:       မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မသန်စွမ်းအသင်းများ အလုပ်ရုံဆွေးနွေးပွဲကျင်းပမှုသတင်း

    နေပြည်တော်၊ ဇွန် ၁၈ မြန်မာနိုင်ငံမသန်စွမ်းသူများအသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မသန်စွမ်းအသင်းများမှ တာဝန်ရှိသူများ၏ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ဇမ္ဗူသီရိဟိုတယ်၌ ကျင်းပပြုလုပ်ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်အမှာစကားပြောကြားပါသည်။ ပြည်ထောင်စုဝန်ကြီးက ယနေ့အချိန်တွင် မသန်စွမ်းသူများနှင့် ပတ်သက်ပြီး အကောင်းဆုံး ဖြစ်ရေး ဦးတည်ဆောင်ရွက်လျက်ရှိသည့်ကိစ္စရပ်များ ရေရှည်တည်တံ့ပြီး ဟန်ချက်ညီညီ ဖွံ့ဖြိုးရေးကို အလေးထားပါကြောင်း၊ မသန်စွမ်းသူများ အားလုံးတန်းတူညီမျှ အကျိုးခံစားခွင့်ရရှိပြီး ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မသန်စွမ်းသူများ၏ လိုအပ်ချက်များကို ကဏ္ဍအသီးသီးမှ ဖြည့်ဆည်းပေးရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် မသန်စွမ်းသူများ … Read more

  • သရက်ခရိုင်ဦးစီးမှူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၉)ရက်နေ့တွင် သောက်သုံးရေ အခက်အခဲဖြစ်ပေါ်နေသော သရက်မြို့နယ်၊ ပိတောက်ပင်ကျေးရွာအုပ်စု၊ တောင်ဘောကျေးရွာနေပြည်သူ အိမ်ထောင်စု(၄၈)စု၊ လူဦးရေ (၁၅၆)ဦးအတွက် သောက်သုံးရေဂါလံ(၆၀၀၀)ကို ရေသယ်ယာဉ်ဖြင့် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jun2019 Source:       သရက်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  ဇလွန်မြို့နယ်၊ ကူးတို့ဆိပ်ကျေးရွာအုပ်စု၊ နှစ်အိမ်တန်းကျေးရွာတွင် (၁၁-၆-၂၀၁၉)နေ့ ဖြစ်ပွားသာ ကမ်းပြိုဘေးသင့် အိမ်ခြေ (၁)လုံး၊ ၎င်းအိမ်ထောင်စု(၁)စုရှိ လူဦးရေ(၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး(၁၀,၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀,၅၀၀/-)ကျပ်ကို (၁၈-၆-၂၀၁၉)ရက်နေ့တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ အရောက်ပေးပို့ထောက်ပံပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #ayy_jun2019 Source:       ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၆.၂၀၁၉)ရက်နေ့တွင် လှိုင်းဘ့ွဲမြို့နယ်၊ ဒေါ်လန်းကျေးရွာ၌ ကျေးရွာသူ/သား အင်အား (၂၀၀)ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သောသိကောင်းစရာများ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့် ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source:       ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • ပြည်ခရိုင်ဦးစီးမှူးရုံးမှ လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၆.၂၀၁၉)ရက်နေ့တွင် ရွှေတောင်မြို့နယ်၊ ကျေးရွာအုပ်စု (၄) စု၊ ကျေးရွာ (၅)ရွာ၌ ဖြစ်ပွားသော လေဘေးသင့် ပြိုလဲနေအိမ် (၂)လုံး၊ အမိုးလန်နေအိမ် (၄)လုံးနှင့် အိမ်ထောင်စု (၆)စုရှိ လူဦးရေ (၂၂)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးနှင့် ဆန်ဖိုးထောက်ပံ့ငွေ (၂၄၆,၂၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး ပလတ်စတစ်ပုံးအပါ (၂)ပုံးတို့ကို (၁၈.၆.၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ha_sgw #bgo_jun2019 Source:  ပြည်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊  ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ကွေ့ထောင့် ကျေးရွာအုပ်စု၊ ကွေ့ထောင့်ကျေးရွာတွင် (၁၇.၆.၂၀၁၉)ရက်နေ့ (၁၂း၀၀)အချိန်၌ ဧရာဝတီမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျမှုကြောင့် လူနေအိမ် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့မှုများဆောင်ရွက်ခဲ့ကြရာ  ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့လူနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စု၊ လူဦးရေ (၇)ဦးတို့ အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၀)မျိုး၊ဆန်ရိက္ခာဖိုး(၇)ရက်စာ(၁၄၇၀၀ိ/-)၊အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀/-) စုစုပေါင်း (၂၁၄၇၀၀/-) ကျပ်ကို (၁၇.၆.၂၀၁၉)ရက်နေ့တွင် ရေစကြိုမြို့နယ်မှတာဝန်ရှိသူများ၊ ကွေ့ထောင့်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #mgy_jun2019 Source:  … Read more

  • ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)နှင့် မုတ္တမပင်လယ်ကွေ့စီမံချက်အဖွဲ့တို့ပူးပေါင်း၍ (၁၇.၆.၂၀၁၉)ရက်နေ့ နံနက်(၀၉း၃၀)နာရီအချိန်တွင် မွန်ပြည်နယ် ပြည်နယ် ကြက်ခြေနီခန်းမတွင် ရပ်ရွာလူထုအခြေပြုဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုသင်တန်းအား ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဦးစီးမှူး ဦးသောင်းရွှေမှ သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပြီး အဆိုပါသင်တန်းသို့ မုတ္တမကွေ့စီမံချက်ဒေသများဖြစ်သော ကျိုက်ထို၊ ဘီးလင်း၊ ပေါင်နှင့် ချောင်းဆုံ မြို့နယ်များမှ ပြည်သူလူထု (၆၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၁၇.၆.၂၀၁၉)ရက်နေ့မှ (၁၉.၆.၂၀၁၉)ရက်နေ့အထိ (၃)ရက်တာ ကျင်းပသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေး၊ မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေးဟောပြောပွဲပြုလုပ်ကျင်းပမှု သတင်း

    လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ်မြို့နယ်ဦးစီး မှူးရုံးမှ  တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်ပူးပေါင်း၍ (၁၇-၆-၂၀၁၉)ရက်နေ့ နံနက်(၁၀း၀၀)နာရီမှ (၁၂း၀၀)နာရီထိ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန် ကျေးရွာအတွင်းရှိ ပြည်သူ့စစ်စခန်း၌ တက်ရောက်သူစုစုပေါင်း (၅၅) ဦး ကို သဘာဝဘေးအသိပညာပေးခြင်းနှင့် မူးယစ်ဆေးဝါးဆိုးကျိုးအန္တရာယ်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းအကြောင်း အသိပညာပေးခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source:   တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events