Author Archives: Aye Kyimann
-
DAN Mobile Application နှင့် ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ နောက်ပြန်တိုးကျေးရွာအုပ်စု၊ နောက်ပြန်တိုးကျေးရွာ၊ ဘုန်းတော်ကြီး ကျောင်းတွင် ရာအိမ်မှူးများစွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ရာအိမ်မှူးများအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများတွင် ထည့်သွင်းပေးခဲ့ရာလူဦးရေ (၁၀၀) ဦးခန့် စိတ်ပါဝင်စားစွာနားထောင်ခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
DAN Mobile Application နှင့် ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် (၂၅.၆.၂၀၁၉) ရက်နေ့တွင် ပဲခူးမြို့ပေါ်ရှိ ဖုန်းဆိုင်များ၊ စတိုးဆိုင်များ၊ IT နှင့်ဆက်စပ်ပစ္စည်းဆိုင်များ၊ ကွန်ပျူတာ ဆိုင်များ၊ ကွန်ပျူတာသင်တန်းများ၊ ကွမ်းယာဆိုင်များ၊ ဈေးဆိုင်များသို့ သွားရောက်၍ DAN Mobile Application နှင့် ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးခြင်း၊ ကြော်ငြာစတစ်ကာများကပ်ပေးခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #bgo_jun2019 Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ (၁/၂၀၁၉)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပမှုသတင်း
ဇွန် ၂၅၊ နေပြည်တော် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးနှင့်ပြန်လည်နေရာချထားရေးကော်မတီ၏ (၁/ ၂၀၁၉)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ကျင်းပရာ နေရပ်စွန့်ခွာ သူများပြန်လည်လက်ခံရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကော်မတီဒုတိယဥက္ကဌ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်၊ ပြန်လည် နေရာချထားရေးလုပ်ငန်းကော်မတီ ဥက္ကဌ၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ပြန်လည်နေရာချထားရေးလုပ်ငန်းကော်မတီ ပူးတွဲ ဥက္ကဌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ ပြည်ထောင်စုဝန်ကြီးက … Read more
-
ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၁၉)ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ အိပ်ပျက်ကျေးရွာအုပ်စု၊ ငှက်ပျောတောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း ၌ ကျေးရွာသူ၊ ကျေးရွာသား (၁၅၀) ဦးအား သဘာဝဘေးလျော့ပါးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ဘေးအန္တရာယ်နှင့် ပတ်သက် သည့် ဆောင်ရန်/ ရှောင်ရန်အချက်များဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ငဖဲမြို့နယ်၊ ဆင်ချီတိုင်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်၊ ဆင်ချီတိုင်ကျေးရွာတွင် (၂၃-၆-၂၀၁၉)ရက်နေ့ (၁၅း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀/-)၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၅,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၄)မျိုး အိမ်ထောင်စု (၂)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၂၄-၆-၂၀၁၉)ရက်နေ့ (၁၂း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_jun2019 … Read more
-
စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၂/၂၀၁၉) ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၆.၂၀၁၉)နေ့ (၀၉း၀၀)နာရီအချိန်တွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၂/၂၀၁၉)ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနား သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဥက္ကဌ၊ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၅-၆-၂၀၁၉)ရက်နေ့မှ (၂၇-၆-၂၀၁၉)ရက်နေ့အထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ #ar #npw_jun2019 Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ) … Read more
-
ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ DAN Mobile Application အသုံးပြုပုံအကြောင်း ရှင်းလင်းပြောကြားမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၉) ရက်နေ့တွင် ဖျာပုံခရိုင်ဖျာပုံမြို့နယ်၊ သီရိအဏ်ဏဝါခန်းမတွင် ရာအိမ်မှူးများစွမ်းဆောင်ရည်မြှင့်တင်ရေး သင်တန်း၌ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) ဦးအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များ ကိုရှင်းလင်းပြောကြားခဲ့ပြီး နောက် တယ်လီဖုန်းများတွင် DAN Mobile Application များထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဖားကန့်ဒေသ ပြန်လည်နေရာချထားရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်နှင့်ညှိနှိုင်းအစည်းအဝေး ကျင်းပမှုသတင်း
မြစ်ကြီးနား၊ ၂၄-၆-၂၀၁၉ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်း၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ကျောက်မျက်ရတနာအသင်းချုပ်မှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့ရှိ ကျောက်မျက်ရတနာ အသင်းရုံးအစည်းအဝေးခန်းမတွင် ဖားကန့်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယနေ့ နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြရာ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးက ယနေ့တွေ့ဆုံရသော အကြောင်းရင်းသည် ဖားကန့်ဒေသရှိ အလုပ်သမား များနှင့် ဒေသခံပြည်သူများ၏ ပြန်လည်ထူထောင်ရေးဆိုင်ရာလုပ်ငန်းများတွင် ကျောက်မျက်လုပ်ငန်းရှင်ကြီးများ၏ ပူးပေါင်းပါဝင်နိုင်မှုနှင့် အကြံပြုချက် များကို သိရှိလိုပါကြောင်း၊ ဖားကန့်ဒေသတွင်ရှိသော အလုပ်သမားများနှင့် ရေမဆေး ကျောက်ရှာဖွေသူများနှင့် … Read more
-
ဖားကန့်ဒေသရှိရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာ လုပ်ငန်းအဖွဲ့၏ စတုတ္တအကြိမ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပခြင်း
မြစ်ကြီးနား ၊ ၂၄-၆-၂၀၁၉ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဦးအုန်းဝင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ပြည် ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးနှင့်အဖွဲ့သည် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ အထွေအထွအတွင်းရေးမှူး၊ ဆရာတော်တူးမိုင်၊ လူမှုဝန်ထမ်းနှင့် ဖွံ့ဖြိုးရေးဌာန KBC နှင့် KMSS တို့မှ တာဝန်ရှိသူများနှင့် ဖားကန့်ဒေသရှိ ရွှေ့ပြောင်းအလုပ်သမားများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆိုင်ရာလုပ်ငန်းအဖွဲ့၏ စတုတ္တ အကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ … Read more
-
တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉.၆.၂၀၁၉)ရက်နေ့နှင့် (၂၂.၆.၂၀၁၉)ရက်နေ့တွင် လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာ၌ ကမ်းပြိုဘေး ကြောင့် ပျက်စီးအိမ်ခြေ(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၄၀၀,၀၀၀/-)ကျပ်၊ ဘေးသင့်ပြည်သူ (၂၄)ဦးအတွက် ဆန်ရိက္ခာ (၇)ရက် စာဖိုး (၅၀,၄၀၀/-)ကျပ်တို့ကို (၂၄.၆.၂၀၁၉)ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #tny_jun2019 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
