မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ ငဖဲမြို့နယ်၊ ဆင်ချီတိုင်ကျေးရွာရှိ မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

 

25_Pic_01 25_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ငဖဲမြို့နယ်၊ ဆင်ချီတိုင်ကျေးရွာတွင် (၂၃-၆-၂၀၁၉)ရက်နေ့ (၁၅း၀၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် အိမ်ခြေ (၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၅၀၀,၀၀၀/-)၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၅,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၂၅,၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၄)မျိုး အိမ်ထောင်စု (၂)စုစာနှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၂၄-၆-၂၀၁၉)ရက်နေ့ (၁၂း၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mgy_jun2019

Source:   မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events