လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၆.၂၀၁၉)နေ့ (၀၉း၀၀)နာရီအချိန်တွင် ဒက္ခိဏခရိုင်၊ ပြန်ကြားရေးနှင့် ပြည့်သူ့ ဆက်ဆံရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ စေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား)သင်တန်း (၂/၂၀၁၉)ကို ဖွင့်လှစ်ခဲ့ရာ သင်တန်းဖွင့်ပွဲအခမ်းအနား သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ဇမ္ဗူသီရိမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ ဥက္ကဌ၊ သင်တန်းသား၊ သင်တန်းသူ (၃၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ (၂၅-၆-၂၀၁၉)ရက်နေ့မှ (၂၇-၆-၂၀၁၉)ရက်နေ့အထိ (၃)ရက်တာကြာမြင့်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။
#ar
#npw_jun2019
Source: ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး (ဘစမ)