Author Archives: Aye Kyimann

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကန့်ဘလူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၆-၈-၂၀၁၉) ရက်နေ့၊ (၁၁း၀၀)နာရီမှ (၁၂း၃၀)နာရီအထိ အ-ထ-က(၁)ကန့်ဘလူမြို့ရှိ ကျောင်းသူ၊ ကျောင်းသား (၂၅၀)ဦး တို့အား သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2019 Source:       ကန့်ဘလူခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ဘင်္ဂလားပင်လယ်အော်အခြေအနေ

      ========================================= (၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၄) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက် —————————————————————————– “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော်အရှေ့မြောက်ပိုင်းတွင် နောက်(၄၈) နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်ပါသည်။ “      

  • ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၉ခုနှစ်၊ အစိုးရဌာနဆိုင်ရာများနှင့် ဒုတိယအကြိမ် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း ======================

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီး၏ ၂၀၁၉ ခုနှစ် အစိုးရဌာနဆိုင်ရာများနှင့် ဒုတိယအကြိမ် အရပ်ဖက်အဖွဲ့အစည်းများ တွေ့ဆုံပွဲ အခမ်းအနားအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင် (၂-၈-၂၀၁၉)ရက်နေ့ (၁၄း၀၀)နာရီအချိန်၌ ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး(ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ဆောင်ရွက်နေသော လုပ်ငန်းများ၊ လူမှုအဖွဲ့အစည်း များအား တွေ့ဆုံရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီး လူမှုဝန်ထမ်းဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူး ဒေါ်နော်သာဝါး(ညွှန်ကြားရေးမှူး)မှ လူမှုဝန်ထမ်းဦးစီးဌာန၏ ဆောင်ရွက် နေသည့် လုပ်ငန်းများအား … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

      ===============================================================   ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၄)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၃:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေ သတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ————————————————————————————————————————– စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ် ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ ————————————————————————————————————————— အကြံပြုချက် သို့ဖြစ်ပါ၍ မဒေါက်မြို့အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း … Read more

  • MOU/LOU/LOA လက်မှတ်ရေးထိုးထားရှိသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ပြီးစီးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီး မှူးရုံးမှ ဦးဆောင်၍ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးရှိ အစည်းအဝေးခန်းမ၌ (၂-၈-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် MOU/LOU/LOA လက်မှတ်ရေးထိုးထားရှိသော အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် NGO အဖွဲ့ဝင်များမှ မိမိတို့အဖွဲ့အစည်းအလိုက် လုပ်ဆောင် နေသည့် လုပ်ငန်းတာဝန်များနှင့် ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ဆွေးနွေးတင်ပြခဲ့ပြီး (၁၂း၃၀)နာရီအချိန်၌ အစည်းအဝေးအား ရုတ်သိမ်းခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #ayy_aug2019 Source:  ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • သောက်သုံးရေဖြန့်ဝေမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးနှင့် ရေစကြို မြို့နယ်ဦးစီးမှူးရုံးတို့မှ တာဝန်‌ရှိသူများသည် (၂-၈-၂၀၁၉)ရက်နေ့တွင် သောက်သုံးရေအခက်အခဲဖြစ်ပေါ်နေသော  ရေစကြိုမြို့နယ်၊ ဘောင် ဘဲ့တန်းကျေးရွာအုပ်စု၊ ဘောင်ဘဲ့တန်းကျေးရွာ ကျေးရွာနေပြည်သူ အိမ်ထောင်စု(၃၂၀)အတွက် သောက်သုံးရေဂါလံ(၄၀၀၀) ကိုလည်း ကောင်း၊ မြိုင်မြို့နယ်၊ ဝက်ကျကျေးရွာအုပ်စု၊ ကျောက်ဖူးကျေးရွာ ကျေးရွာနေပြည်သူ အိမ်ထောင်စု(၂၀၈)စုအတွက် သောက်သုံးရေ ဂါလံ(၅၆၀၀)ကိုလည်းကောင်း၊ စုစုပေါင်း သောက်သုံးရေ ဂါလံ(၉၆၀၀)ကို Eleven Media Group ရေအလှူယာဉ်များဖြင့် ဆရာတော် ဦးသောဘဏ၊  ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့နှင့်အတူ  သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_aug2019 … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ===================================================== ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်း ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ————————————————————————————- စစ်တောင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက် မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၂) ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနိုင်ပါသည်။ ————————————————————————————- သောင်ရင်းမြစ် … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ======================================================= ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၁:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ————————————————————————————- ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့ တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ———————————————————————————— သို့ဖြစ်ပါ၍ ဘားအံမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု နေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။

Sign Up

Upcoming Events