Author Archives: Aye Kyimann

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲနှင့် DAN mobile application မိတ်ဆက်ဖြန့်ချိမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ဘေးအန္တဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့တွင် ကျောင်းကုန်းမြို့နယ်၊ ဗြိုက်ကြီးကျေးရွာအုပ်စု ဗြိုက်ကြီးကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ရာ ကျေးရွာပြည်သူလူထု (၂၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး တက်ရောက်လာသူများအား DAN mobile application သုံးစွဲပုံအား မိတ်ဆက်ခြင်းဖြန့်ချိခြင်း များဆောင်ရွက် ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source:   ဧရာဝတီတိုင်ဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • DAN Mobile Application အား ပြည်သူများအကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းပြီး ဆောင်ရန်/ရှောင်ရန်များ၊ မိုးလေဝသနှင့် သက်ဆိုင်သည့် သတင်း အချက် အလက်များ နေ့စဉ်ရရှိနိုင်ရေး၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စာအုပ်စာစောင်များ၊ အရေးပေါ်ဆက်သွယ် သတင်းပေးပို့နိုင်သည့် ၂၄ နာရီ Hotline ဖုန်းနံပါတ်များ ပါဝင်သည့် Mobile Application ကို ကရင်ပြည်နယ်ရှိ ဒေသခံများအကြား ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရေး အတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ပါသည်။ (၂၅-၆-၂၀၁၉)ရက်နေ့တွင် ဘားအံတက္ကသိုလ်အတွင်း၌လည်းကောင်း၊ ဘားအံမြို့နယ် အမှတ် (၂) ဈေးရှိ ဈေးရုံ၌လည်းကောင်း၊ … Read more

  • ဖွံ့ဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်နှင့်ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကိုထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင်း သင်တန်း ဖွင့်လှစ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ  ကြီးမှူး၍ ဖ့ွံဖြိုးရေးစီမံကိန်းများတွင် ဘေးအန္တရာယ်နှင့် ရာသီဥတုကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကို ထည့်သွင်းပေါင်းစပ်ဆောင်ရွက်ခြင် သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉)နာရီက ဖားဆောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူ ဦးအောင်မြတ်မိုးမှ အဖွင့်အမှာစကားပြောကြားပြီး၊ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦးမှ သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။အဆိုပါ သင်တန်း ဖွင့်လှစ်ရာသို့ ကယားပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်လေးရွှေဇင်ဦး၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်မိုးနှင့် ဌာနဆိုင်ရာ အကြီးအကဲများ … Read more

  • ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီမှ (၁၂း၀၀)နာရီအထိ ကျောက်ဖြူမြို့နယ်၊ ဂုံးချွိန် အ.ထ.က၌ ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပါသည်၊၊ အဆိုပါ ဆွေးနွေးပွဲတွင် ဘေးမဖြစ်မီ ကြိုတင်ပြင်ဆင်ရေး၊ ဘေးဖြစ်စဉ်တုံ့ပြန် ဆောင်ရွက် ရေးနှင့် ဘေးဖြစ်ပြီး ဆောင်ရန်၊ ရှောင်ရန်များပြောကြားခြင်း၊ လက်ကမ်းစာစောင်များဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟောပြောပွဲသို့  ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #rke_jun2019 Source:  ကျောက်ဖြူခရိုင်ဦးစီးမှူး (ဘစမ)

  • မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ DAN Mobile Application အသုံးပြုပုံအကြောင်း ရှင်းလင်းပြောကြားမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉) ရက်နေ့တွင် မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် CSO များ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၆၀) ဦးအား DAN Mobile Application သုံးစွဲပုံနည်းစနစ်များ ကိုရှင်းလင်းပြောကြားခဲ့ပြီး နောက် တယ်လီဖုန်းများတွင် DAN Mobile Application များထည့်သွင်းပေးခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #mgy_jun2019 Source: မကွေးတိုင်းဒေသကြီးဦိးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့တွင် အ.ထ.က(ကြာအင်းဆိပ်ကြီး)ပညာတန်ဆောင်ခန်းမ၌ သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဆရာ/ဆရာမ ကျောင်းသား/သူ အင်အား (၂၀၀)ဦးဖြင့် ပြုလုပ်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲတွင် ဌာနနှင့်ပတ်သတ်သော သိကောင်းစရာများ ရေဘေး၊ မုန်တိုင်းဘေး၊ မိုးကြိုးဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက် များဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနှင့် ဗလာစာအုပ်များကိုလည်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #krn_jun2019 Source:  ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅.၆.၂၀၁၉)ရက်နေ့ နံနက်ပိုင်းတွင် ဟိုပုံးမြို့အလကဒုံမေခိုး၌ ကျောင်းသား၊ ကျောင်းသူ (၁၂၀)ဦးအား သဘာဝဘေး အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သရုပ်ပြသခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jun2019 Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile Application နှင့်ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၆.၂၀၁၉)ရက်နေ့ နံနက်(၉း၃၀)နာရီအချိန်တွင် မိုးညိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး ကျင်းပသော Community Centre (လူထုအခြေပြုဗဟိုဌာန)၌ ကျင်းပသော လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ သို့ တက်ရောက်လာသူ (၅၅) ဦးအား DAN Mobile Application သုံးစွဲပုံ နည်းစနစ်များကိုရှင်းလင်းပြောကြားခဲ့ပြီး တယ်လီဖုန်းများထဲသို့ DAN Mobile Application ထည့်သွင်းပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2019 Source:   မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events