Author Archives: Aye Kyimann

  • မြစ်ရေကြီးမှုအခြေအနေသတင်း

      ===================================================== ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၄:၀၀) နာရီ အချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ ဧရာဝတီမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်အရ ဧရာဝတီမြစ်ရေသည် သပိတ်ကျင်းမြို့တွင် (၂)ပေခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်နေပြီး လက်ရှိရေမှတ်မှ နောက်(၁)ရက်အတွင်း ပေဝက်ခန့်ကျဆင်းနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိ နိုင်ပါသည်။   အကြံပြုချက် သို့ဖြစ်ပါ၍ သပိတ်ကျင်းမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့်မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် … Read more

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ======================================================= ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးမှုအခြေအနေသတင်းကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသည်။ လေးမြို့မြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ လေးမြို့မြစ်ရေသည် မြောက်ဦး မြို့တွင် (၄)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပြီး၊ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း (၁)ပေခွဲခန့် ဆက်လက်တက်လာနိုင်ကာ ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ မြောက်ဦးမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်သူများအနေဖြင့် အထူးသတိပြု … Read more

  • မြစ်ရေကြီးခြင်းသတိပေးချက်

    ================================================================ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:၀၀) နာရီအချိန်တွင် မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် မြစ်ရေကြီးခြင်းသတိပေးချက်ကို အောက်ပါအတိုင်း ထုတ်ပြန်ထားပါသညိ။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ပါသည်။ ယနေ့မြန်မာစံတော်ချိန် (၁၄:၃၀)နာရီအချိန် တိုင်းထွာချက်အရ ကုလားတန်မြစ်ရေသည် ကျောက်တော်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခွဲခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၂)ရက်အတွင်း … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြုခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွေးနဒီခန်းမတွင် ကျင်းပပြုလုပ်သော လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရပ်/ကျေးစာရေးများ စုစုပေါင်း (၁၉၈) ဦးတို့အား သဘာဝဘေးအသိပညာပေးဟောပြောခြင်းနှင့် DAN Mobile Application အသုံးပြပုံများ ရှင်းလင်းပြောကြားခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source:       လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ဘင်္ဂလားပင်လယ်အော်အခြေအနေ

    ===============================================================   (၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၈) ရက်နေ့ မြန်မာစံတော်ချိန်(၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) “ယနေ့မြန်မာစံတော်ချိန် (၁၃:၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင် လယ်အော်မြောက်ပိုင်းတွင် နောက်(၄၈)နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်သည်ဟု ခန့်မှန်းရပါသည်။ ”    

  • သဲကုန်း-ညောင်အိုင်ပန်းတာသစ်တည်ဆောက်ရာတွင် ရွှေ့ပြောင်းပေးရသည့် ပြည်သူများအတွက်ထောက်ပံံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်အတွင်းရှိ သဲကုန်း-ညောင်အိုင်ပန်းတာသစ်တည်ဆောက်ရာ၌ သဲကုန်းအုပ်စု၊ သဲကုန်းကျေးရွာနှင့် ညောင်အိုင်ကျေးရွာ ကျုံတနော်တောင်ကျေးရွာအုပ်စု၊ ကျုံတနော်တောင်ကျေးရွာနှင့် ညောင်အိုင်ကျေးရွာများတွင် ရွှေ့ပြောင်းနေထိုင်ကြရ သော အိမ်ခြေ(၂၁၈)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၁,၈၀၀,၀၀၀/-)ကျပ်၊  ဘေးသင့်လူဦးရေ (၇၅၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၁,၅၈၁,၃၀၀/-)ကျပ်၊ ဘုန်းကြီးးကျောင်း (၁) ကျောင်း ရွှေ့ပြောင်းမှုအတွက် ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေ (၂၃,၄၈၁,၃၀၀/-)ကျပ်တို့ကို ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ (၂၇-၆-၂၀၁၉) ရက်နေ့တွင် … Read more

  • DAN Mobile Application နှင့်ပတ်သက်သည့် အသိပညာများဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် (၂၆-၆-၂၀၁၉)ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ကော့စိန်ကျွန်းရွာနှင့် မော်လမြိုင်မြို့၊ လှိုင်ရပ်ကွက်တွင် သဘာဝဘေးအန္တရာယ်ကြိုတင်သတိပေး DAN Mobile App ဖြန့်ဝေခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၂၂၀)ဦး တက်ရောက်ခဲ့ပါသည်။ ထိုတက်ရောက်လာသော ပြည်သူများထံသို့ မိုဘိုင်း App ဖြန့်ဝေပေးခြင်း၊ မော်လမြိုင်မြို့ လူစည်ကားသော စတိုးဆိုင်များ၊ လက်ဖက်ရည်ဆိုင်များတွင် App ကြော်ငြာစတေကာများကပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun2019 Source:  မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီး မှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၆-၂၀၁၉) ရက်နေ့၊ နေ့လည်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးခန်းမ၌ လွှတ်တော် ဥက္ကဌနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များအား DAN Mobile Application နှင့် စပ်လျဉ်းသည့် အချက်အလက်များ ရှင်းလင်းတင်ပြခြင်း၊ လက်ကမ်းစာစောင်များ၊ ကြော်ငြာစတစ်ကာများဖြန့်ဝေခြင်း၊ Application ထည့်သွင်းပေးခြင်းတို့ကို ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ #ar #bgo_jun2019 Source:  ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၆.၂၀၁၉)ရက်နေ့၊ နံနက်(၁၀း၀၀)နာရီချိန်တွင်   မြောင်းမြမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း (ဂုန်လျှော်စက်ရုံ)၌ ကျောင်းသား/ကျောင်းသူ(၁၅၀)ဦးတို့အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်သော ဆောင်ရန်၊ ရှောင်ရန်များဟောပြော ဆွေးနွေးခဲ့ပြီ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jun2019 Source:       မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events