Author Archives: Aye Kyimann
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်ဦးဆောင်သောအဖွဲ့အား ကြက်ခြေနီလှုပ်ရှားမှု Red Cross Movement (RCM) မှ တာဝန်ရှိသူများ လာရောက်တွေ့ဆုံမှုသတင်း
အောက်တိုဘာ ၈၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်သည် ယနေ့နံနက်ပိုင်းက အဆိုပါ ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကြက်ခြေနီ လှုပ်ရှားမှု Red Cross Movement (RCM) မှ တာဝန်ရှိသူများဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Mr. Stephan Sakalian၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း (MRCS) ဥက္ကဌ ဒေါက်တာဒေါ်မြသူ၊ အပြည်ပြည် ဆိုင်ရာကြက်ခြေနီနှင့်လခြမ်းနီအသင်းများဖက်ဒရေးရှင်း (IFRC)မှ Head of Country Office Mr. Joy Singhal … Read more
-
Multi Purpose Shelter တည်ဆောက်ပြီးစီးမှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် အောက်တိုဘာလ (၈) ရက်နေ့တွင် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ မြစ်ပိုးကျုံစိန်ကျေးရွာ၌ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီရန်ပုံငွေဖြင့် Apex Partners Co. မှ တာဝန်ယူတည်ဆောက်နေသော Multi Purpose Shelter (၁၀၀)ရာခိုင်နှုန်း ပြီးစီးမှုအခြေအနေနှင့် လွှဲပြောင်းလက်ခံမှုအခြေအနေများကို မြို့နယ်ကော်မတီနှင့် ကျေးရွာကော်မတီအဖွဲ့တို့နှင့်အတူ ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #၀tr #ayy_oct2019 Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ချောင်းရေမျောပါသေဆုံးသူအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် ညောင်ဦးမြို့နယ် တောင်ဇင်းကျေးရွာအုပ်ရွာအုပ်စု (၆-၁၀-၂၀၁၉) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကြက်ဆူချောင်းအတွင်း ချောင်းရေမျောပါသေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-)ကျပ်ကို (၈-၁၀-၂၀၁၉) ရက်နေ့တွင် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ကျန်ရစ်သူ မိသားစု၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fld #mdy_oct2019 Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မြေပြိုဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချင်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများမှ ဦးဆောင်၍ (၈-၁၀-၂၀၁၉)ရက်နေ့ နံနက် (၁၀:၀၀) နာရီမှ နေ့လယ် (၁၂:၀၀)နာရီအထိ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၊ ADPC တို့နှင့် ပူးပေါင်း၍ ၂၀၁၉ ခုနှစ် အပြည်ပြည်ဆိုင်ရာသဘာဝဘေးလျော့ပါးရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ချင်းပြည်နယ်၊ ဟားခါးမြို့၊ ပြည်တော်သာရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ ဈေးသစ်ရပ်ကွက်၊ ဈေးဟောင်းရပ်ကွက်ရှိ ပြည်သူများနှင့် ဌာနဆိုင်ရာများစုစုပေါင်း (၃၅၀) ဦးတို့ မြေပြိုဘေး သဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ခန်းကို ကျင်းပပြုလုပ်ခဲ့ပါသည်။ ADPC အဖွဲ့အစည်းမှ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြို့နယ်သဘာဝဘေး … Read more
-
မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆.၁၀.၂၀၁၉) ရက်နေ့ (၁၆:၀၀)နာရီအချိန်တွင် ကော့ကရိတ်မြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ လော်ရီကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးခဲ့သူ (၁) ဦးအတွက် ထောက်ပံ့ဖိုးငွေ (၃၀၀,၀၀၀/-)ကျပ်ကို (၈.၁၀.၂၀၁၉)ရက်နေ့ (၁၀:၀၀)နာရီအချိန်၌ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကျန်ရစ်သူမိသားစုထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #krn_oct2019 Source: ကော့ကရိတ်ခရိုင်ဉီးစီးမှူးရုံး (ဘစမ)
-
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း
အောက်တိုဘာ ၇၊ နေပြည်တော် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် Shigematsu Company Limited (Japan) က အမေရိကန်ဒေါ်လာ (၃၀,၀၀၀) ကိုလည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဝန်ထမ်းမိသားစုများက ငွေကျပ် (၁၈၂,၀၀၀) ကိုလည်းကောင်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် (၁၂၈,၀၀၀) ကိုလည်းကောင်း ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းကြပါသည်။ ရှေးဦးစွာ Shigematsu Company … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဗြိတိန်နိုင်ငံ၊ Parliamentary Under- Secretary of State for International Development ဖြစ်သူ H. E Ms. Baroness Sugg CBE က လာရောက်တွေ့ဆုံမှုသတင်း
နေပြည်တော်၊ အောက်တိုဘာ ၂ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးစိုးအောင်အား ဗြိတိန်နိုင်ငံ၊ Parliamentary Under- Secretary of State for International Development ဖြစ်သူ H. E Ms. Baroness Sugg CBE က လာရောက်တွေ့ဆုံပါသည်။ တွေ့ဆုံရာတွင် UK Aidမှ မြန်မာနိုင်ငံတွင် အထောက် အပံ့ပေးလျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုနှင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စီမံကိန်းများ၊ ၎င်းအနက်မှ ကိုယ်ဝန်ဆောင် မိခင်နှင့် ၎င်းမှမွေးဖွားသောကလေးအသက်(၂)နှစ်အထိ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်တော်မြို့နယ်အတွင်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် ကျောက်တော်မြို့နယ်၊ မီးဝကျေးရွာမှ လက်နက်ကြီး ကျည်စထိမှန်၍ စစ်တွေပြည်သူ့ဆေးရုံသို့ ဆေးကုသခံယူရန် ရောက်ရှိလာသည့် ဒဏ်ရာရ ဘုန်းကြီး (၁) ပါး၊ ကိုရင် (၁) ပါးနှင့် အရပ်သား ဦးသာထွန်းတို့အတွက် တစ်ဦးလျှင် ဒဏ်ရာရ ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀,၀၀၀/-)ကျပ်တို့ကို (၁.၁၀.၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #rke_oct2019 Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကိုရီးယားနိုင်ငံ၊ ဆိုလ်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပညီလာခံသို့တက်ရောက်မှုသတင်း
နေပြည်တော်၊ အောက်တိုဘာ ၁ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးသည် ၂၀၁၉ခုနှစ်၊ အောက်တိုဘာလ (၁)ရက် နေ့က ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုလ်းမြို့တွင် ကျင်းပသော စတုတ္ထအကြိမ်မြောက် ကမ္ဘာလုံးဆိုင်ရာ သက်ရွယ်ကြီးရင့်မှုနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးဆိုင်ရာ အာရှ-ဥရောပ ညီလာခံသို့ တက်ရောက်ခဲ့ပါသည်။ ညီလာခံဖွင့်ပွဲအခမ်းအနားကို ကိုရီးယားအမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ Ms. Young-Ae Choi က အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးပြီး ပြည်ထောင်စုဝန်ကြီးက အမှာ စကားပြောကြားခဲ့ပါသည်။ ထိုသို့ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် သက်ကြီးရွယ်အိုများ အပါအဝင်ပဋိသန္ဓေတည်သည်မှစတင်၍ လူငယ်များ၊ အမျိုးသမီးများအပါအဝင် လူ့အသိုက်အဝန်း အားလုံး၏ လူ့အခွင့်အရေးတိုးမြှင့်ရေးနှင့် … Read more
