တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

17_Pic_02 17_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရသေ့ တောင်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများ နေရပ်စွန့်ခွာပြီး ယာယီခိုလှုံနေထိုင်လျက်ရှိသည့် စုရပ်(၅)ခု တောင်ရင်းတန်း ရပ်ကွက်၊အရှေ့မြောက်ရပ်ကွက်၊ ချောင်းဝရပ်ကွက်၊ မှန်နီပြင်ကျေးရွာ နှင့်အောက်ကျောင်းတောင်ကျေးရွာ ရှိတိုက်ပွဲရှောင် အိမ်ထောင်စု (၁၁၁၂) စု၊ လူဦးရေ (၄၄၀၈) ဦးအတွက် ဆန်ရိက္ခာ (၁) လစာ ဆန် (၁၃၇၇) အိတ် (၁၂) ပြည်တို့ကို (၁၇.၁၁.၂၀၁၉) ရက်တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတို့ဖြင့် တိုက်ပွဲ ရှောင်ပြည်သူများအတွက်  ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_otr

#rke_nov2019

Source:    ရသေ့တောင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events