Author Archives: Aye Kyimann

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ထိပ်ဝကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ covid-19ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ဒုတိယအကြိမ်အသိပညာပေးခြင်းနှင့် သဘာဝ ဘေးအန္တရာယ် ဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအားအသိပညာပေးခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source:   ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၃၀-၇-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့ပေါ်ရှိ ရပ်ကွက်(၂)၊ ရပ်ကွက်(၃)နှင့် ရပ်ကွက်(၄) တို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက် များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များ ကို  လှည်လည်ဟောပြောခြင်းနှင့် ဘေး (၈) မျိုးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #ayy_jul2020 Source:  မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀)ရက်နေ့တွင် ဇလွန်မြို့နယ်၊ ညောင်ပင်သာအုပ်စု၊ ရေပေါက်ကြီးကျေးရွာတွင် (၂၈-၇-၂၀၂၀)နေ့ဖြစ်ပွါးသော ကမ်းပြိုဘေးကြောင့် ပျက်စီးခဲ့သော အိမ်ထောင်စု(၁)စု၊ လူဦးရေ (၁၀)ဦးအတွက် အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၁၀၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၁၂၁၀၀၀/-) ကျပ်အား (၃၀-၇-၂၀၂၀)ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇလွန် မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2020 Source:  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၃:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ နှီးပဒေါကျေးရွာ၊ ရောင်းဒေါင်းကျေးရွာနှင့် ကွမ်လှာကျေးရွာတို့တွင် COVID-19 ရောဂါကူး စက်ပြန့်နှံ့မှု မဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွား လေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ် များကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jul2020 Source:  … Read more

  • ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (စစ်ကုန်း၊ အင်္ဂရမ်း၊ ပဲကြီးကျွန်း)အုပ်စု၊ ကျေးရွာခွဲ(၄)ရွာတို့တွင် (၂၄-၇-၂၀၂၀)နေ့မှ (၂၉-၇-၂၀၂၀)နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်​ရွှေ့​ပြောင်းရ​သော အိမ်​ထောင်စု(၃၅)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၅၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၆၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ (၃၄၀၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၈၄၀၂၀၀/-) ကျပ်တို့အား (၃၀-၇-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jul2020 Source:   … Read more

  • ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့နယ်၊ မိန်းမလှကျေးရွာနှင့် ထနောင်းကုန်းကျေးရွာတွင် (၂၉-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဧရာဝတီဖြစ်ရေမြင့်တက်လာမှုကြောင့် ရေဘေးသင့် အိမ်ထောင်(၂၈)စု၊ လူဦးရေ(၁၂၇)ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၆၆၇၀၀/-)ကျပ်တို့အား (၃၀-၇-၂၀၂၀) ရက်နေ့ (၁၂:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူ များထံသို့ ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #mgy_jul2020 Source:   မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)  

  • မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၀-၇-၂၀၂၀) ရက်နေ့တွင် ​ဒေးဒရဲမြို့နယ်၊ တိုးကျေးရွာအုပ်စု၊ ဆားကျင်းကျေးရွာတွင် ​မိုးကြိုး​ဘေးကြောင့် သေဆုံးသူအတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်နှင့်  ဒဏ်ရာရလူနာအတွက်  ​ထောက်ပံ​ငွေ(၅၀၀၀ဝ/-) ကျပ်၊ စုစု​ပေါင်း​ထောက်ပံ​ငွေ (၃၅၀၀၀ဝ/-)ကျပ်ကို (၃၀-၇-၂၀၂၀) ရက်နေ့ (၁၃:၀၀)နာရီအချိန်တွင် သေဆုံးသူ၏မိသားစုဝင်နှင့် ဒဏ်ရာရရှိသူမိသားစုဝင်များလက်ဝယ်သို့  သက်ဆိုင်ရာ တာဝန်ရှိသူများရှေ့မှောက်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_jul2020 Source:    ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်းသည့် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မိတ္ထီလာ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇူလိုင်လ (၂၉) ရက်နေ့တွင် သာစည်မြို့နယ်အတွင်းရှိ ညောင်ရမ်းမြို့မအုပ်စု (ညောင်ရမ်းမြို့မ၊ ပြည်တော်သာ၊ အောင်မင်္ဂလာ၊ လက်ထပ်ကုန်း၊ မြို့မတောင်စု၊ ကွမ်းခြံ(အလယ်ပိုင်း)၊ ကွမ်းခြံ (မြောက်)) ညောင်ရမ်း(စျေး)အုပ်စု၊ ရေအိုးစင်ရပ်ကွက်၊ သူဌေးကုန်းရပ်ကွက်၊ စည်ပင်သာယာရပ်ကွက်၊ ကျောင်းကြီးရပ်ကွက်၊ မင်္ဂလာ ရပ်ကွက်၊ ဥယျာဉ်၊ တံတားဦး၊ စျေးရွာ၊ နတ်အင်း၊ ပျော့ကုန်း၊ မိုးညှင်း၊ စျေးတန်း၊ ကွမ်းခြံ(တ)ကေျးရွာများသို့ Covid-19 နှင့်စပ်လျဉ်း၍ သိရှိနလိုက်နာဆောင်ရွက်ရန် အသိပညာပေးခြင်း၊ … Read more

Sign Up

Upcoming Events