လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ (စစ်ကုန်း၊ အင်္ဂရမ်း၊ ပဲကြီးကျွန်း)အုပ်စု၊ ကျေးရွာခွဲ(၄)ရွာတို့တွင် (၂၄-၇-၂၀၂၀)နေ့မှ (၂၉-၇-၂၀၂၀)နေ့အထိ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ထောင်စု(၃၅)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၃၅၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၁၆၂) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၃၄၀၂၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၈၄၀၂၀၀/-) ကျပ်တို့အား (၃၀-၇-၂၀၂၀)ရက်နေ့ (၁၃:၀၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_jul2020
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)