Author Archives: Aye Kyimann

  • Covid-19 ကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ​ချောင်းဆုံ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ တိုးချဲ့ရပ်ကွက်နှင့် ခရိုက်သစ် ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်​တို့ဖြင့် လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source:  ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်းအနားနှင့် လူငယ်တို့၏ ပူးပေါင်းဆောင်ရွက်မှုများ စကားဝိုင်း ဆွေးနွေးပွဲကျင်းပမှုသတင်း

    ဩဂုတ်  ၁၁ ၊ နေပြည်တော် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ်အခမ်း အနားနှင့် လူငယ်တို့၏ပူးပေါင်းဆောင်ရွက်မှု စကားဝိုင်းဆွေးနွေးပွဲများ ကျင်းပခြင်းကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ COVID-19 ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ အွန်လိုင်းစနစ် အခမ်းအနားဖြင့်ပြုလုပ်ရာ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးစိုးအောင်၊ မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဝင် လူငယ်ကိုယ်စားလှယ်များနှင့် … Read more

  • Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် သာပေါင်းမြို့နယ်၊ သရက်တော ကျေးရွာအုပ်စု၊ သရက်တောကျေးရွာ၊ သင်္ကန်းငူကျေးရွာ၊ ပန်းပင်ဆိပ်ကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှု မဖြစ်ပွား​စေရန်နှင့် သဘာဝ​​ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူတို့အား အ​သိပညာ ပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:   သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • လေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀)ရက်နေ့(၂၂:၃၀)နာရီ အချိန်ခန့်၌ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ကဒါရပ်ကွက်နှင့် ပေါင်းရပ်ကွက်တို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြီးအမိုးလန်ခဲ့သည့် လူနေအိမ် (၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၆၃,၀၀ဝ/-)ကျပ်နှင့်လူဦးရေ (၁၆၀)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၉၉,၀၀ဝ/-) ကျပ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊ ပေါင်မြို့နယ် အမျိုးသား လွတ်တော်ကိုယ်စားလှယ်၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူး၊ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၁-၈-၂၀၂၀) ရက်နေ့ … Read more

  • Covid-19 ကူးစက်ရောဂါ မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    မှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၁၁-၈-၂၀၂၀) ရက်နေ့တွင် ပန်းတနော် မြို့နယ်၊ ဘဝိုင်းကျေးရွာအုပ်စုရှိ ညောင်ပင်သာကျေးရွာ၊ ဘဝိုင်းကျေးရွာ၊ စာဖြူစုကျေးရွာ၊ ဥတိုကျေးရွာနှင့် အကယ်ချောင်း ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကို ကြိုတင်ပြင်ဆင်ရေး အသိ ပေးချက်များကို  လှည်လည်ဟောပြောခြင်း၊ ဘေး (၈) မျိုးလက်ကမ်းစာစောင်များဝေငှခြင်းများ ဆောင်ရွက်ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_aug2020 Source:   မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့၊ အမှတ်(၁၀)ရပ်ကွက်၊ အေးစေတီရပ်၌ (၉-၈-၂၀၂၀) ရက်နေ့၊ (၁၄:၂၅) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးတို့ဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့် ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀၀,၀ဝ/-)ကျပ်၊ ဆန်ရိက္ခဖိုးငွေ(၄၂၀၀/-)ကျပ်၊ စုစုပေါင်း(၁၀၄၂၀၀/-)ကျပ်တို့ကို (၁၀-၈-၂၀၂၀) ရက်နေ့တွင် ချောက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ တာဝန်ရှိသူများ နှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_aug2020 Source:   ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုက​လေး မြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင်တစ်ကျေး ရွာတွင် (၀၈:၀၀) နာရီ၌လည်းကောင်း၊ တယ်ပင်နှစ်ကျေးရွာတွင် (၀၈:၃၀)နာရီ၌လည်းကောင်း၊ တယ်ပင်သုံးကျေးရွာတွင် (၀၉:၀၀) နာရီ၌လည်းကောင်း၊ သကံဝကျေးရွာတွင် (၀၉:၃၀)နာရီ၌ လည်းကောင်း၊ ဓနုံးချောင်းကျေးရွာတွင် (၁၀:၀၀)နာရီ၌ လည်းကောင်း၊ အောင်မင်္ဂလာကျေးရွာတွင် (၁၀:၃၀)နာရီ၌ လည်းကောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ … Read more

  • Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာဝန်ရှိသူ များသည် သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ရှမ်းမမြောင်ကျေးရွာအုပ်စု၊ ရှမ်းမမြောင် ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ အုတ်ပုံကျေးရွာတို့တွင် Covid-19 ဒုတိယ လှိုင်းကူးစက်မှု မဖြစ်ပွားစေရန်နှင့် သဘာဝ​​ ဘေးနှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို (၁၀-၈-၂၀၂၀) ရက်နေ့၊  (၁၄:၃၀) နာရီအချိန်တွင် ကျေးရွာ/ရပ်ကွက်နေ မိဘပြည်သူ တို့အား အ​သိပညာပေးဟောပြောဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:  သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ကူးစက်မှု (ဒုတိယလှိုင်း)မဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၈.၂၀၂၀) ရက်နေ့ ၊ မနက် (၀၈;၃၀) နာရီအချိန်မှစ၍ နေ့လည် (၁၁:၀၀) နာရီ အချိန် အထိ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်းရှိ ကံကြီကျေးရွာ၊ စာဖြူစုကျေးရွာ၊ တောင်စုကျေးရွာ၊ တဲကြီးကျေးရွာ၊ ညောင်ကျိုး ကျေးရွာ၊ ရှမ်းကွင်းကျေးရွာတို့တွင် လတ်တလောနိုင်ငံအသီးသီးတွင် ကူးစက်ပြန့်ပွားလျက်ရှိသော Covid -19 ကူးစက်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ (၂၉.၇.၂၀၂၀) ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွှန်ကြားချက်များအားလည်းကောင်း ရာသီအလိုက်ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ်များနှင့် ပတ်သတ်သည့် … Read more

Sign Up

Upcoming Events