လေဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀)ရက်နေ့(၂၂:၃၀)နာရီ အချိန်ခန့်၌ မွန်ပြည်နယ် သထုံခရိုင်၊ ပေါင်မြို့နယ် ကဒါရပ်ကွက်နှင့် ပေါင်းရပ်ကွက်တို့တွင် မိုးရွာသွန်းပြီးလေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြီးအမိုးလန်ခဲ့သည့် လူနေအိမ် (၃၃)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁,၄၆၃,၀၀ဝ/-)ကျပ်နှင့်လူဦးရေ (၁၆၀)ဦးတို့အတွက် (၇)ရက်စာဆန် ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၆,၀၀ဝ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၉၉,၀၀ဝ/-) ကျပ်တို့အား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်း အား အရင်းအမြစ်ဝန်ကြီးဌာနဝန်ကြီး၊ ပေါင်မြို့နယ် အမျိုးသား လွတ်တော်ကိုယ်စားလှယ်၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်မှူး၊ ပေါင်မြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ (၁၁-၈-၂၀၂၀) ရက်နေ့ (၁၄:၃၀)နာရီအချိန်ခန့်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဘေးသင့်ပြည်သူများထံလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#mon_aug2020

Source:   သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events