လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေး မြို့နယ်စီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၈-၂၀၂၀) ရက်နေ့၌ ဘိုကလေးမြို့နယ်၊ သကံဝကျေးရွာအုပ်စု၊ တယ်ပင်တစ်ကျေး ရွာတွင် (၀၈:၀၀) နာရီ၌လည်းကောင်း၊ တယ်ပင်နှစ်ကျေးရွာတွင် (၀၈:၃၀)နာရီ၌လည်းကောင်း၊ တယ်ပင်သုံးကျေးရွာတွင် (၀၉:၀၀) နာရီ၌လည်းကောင်း၊ သကံဝကျေးရွာတွင် (၀၉:၃၀)နာရီ၌ လည်းကောင်း၊ ဓနုံးချောင်းကျေးရွာတွင် (၁၀:၀၀)နာရီ၌ လည်းကောင်း၊ အောင်မင်္ဂလာကျေးရွာတွင် (၁၀:၃၀)နာရီ၌ လည်းကောင်းကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော Covid-19 ကူးစက်မှု ဒုတိယလှိုင်းမဖြစ်စေရန် အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဧရာဝတီတိုင်းဒေသကြီး Covid -19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်အားလည်းကောင်း၊ ရာသီအလိုက်ဖြစ်ပွားတတ်သော သဘာဝဘေးများအန္တရာယ်များနှင့်ပတ်သက်သည့် သဘာဝ ဘေးအသိပညာပေးခြင်းတို့အားလည်းကောင်း၊ အများပြည်သူများသိရှိလိုက်နာရန် ကွင်းဆင်းလှည့်လှည်၍ အသိပညာပေးလုပ်ငန်းများပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_aug2020
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)