Author Archives: Hlaing ChoOo
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၅-၂၀၂၀) ရက်နေ့ တွင် (၀၈:၀၀) နာရီမှ စတင်၍ (၁၂:၀၀) အချိန်ထိ ရေစကြိုမြို့နယ်၊ မြေဖြူကျင်းကျေးရွာအုပ်စု၊ မြေဖြူကျင်း ကျေးရွာ၊ သဲပုံအရှေ့ကျေးရွာ၊ သဲပုံအနောက်ကျေးရွာနှင့်ကမ္မတောကျေးရွာတို့တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပူးပေါင်းကာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန် များကို လော်စပီကာဖြင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
သောက်သုံးရေဖြန့်ဝေပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ ထန်းငယ်တောကျေးရွာ အုပ်စု၊ ကျောက်လှေခါးကျေးရွာရှိ အိမ်ခြေ (၁၇၅) လုံး၊ အိမ်ထောင်စု (၁၈၀) စု၊ လူဦးရေ (၁၀၁၀) ဦးတို့ အတွက် သောက်သုံးရေဂါလံ (၃၆၀၀) အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်တွင် ရင်ခွင်မဲ့ကလေးငယ်များလျေှာ့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေးအသင်း၊ လူငယ်လုပ်ငန်းအဖွဲ့တို့နှင့် ပူးပေါင်းကာ သွားရောက်ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_may2020 Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
မိုင်းရူးမြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မိုင်းရူးမြို့နယ်အတွင်း၌ (၁၄-၅-၂၀၂၀) ရက်နေ့၊ (၁၉:၃၀) နာရီအချိန်တွင် မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ဘေးသင့် အမိုးလန် လူနေအိမ် (၁၄) လုံး၊ လူဦးရေ (၇၇) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၉၀၅,၀၀၀/-) ကျပ်တို့အား (၁၉-၅-၂၀၂၀) ရက်နေ့၊ (၁၀:၃၀) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_sgw #shn_may2020 Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ လေဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညို မြို့နယ်၊ ကျေးရွာအုပ်စု (၅) စု၊ ကျေးရွာ (၆) ရွာတို့၌ (၁၈-၅-၂၀၂၀) ရက်နေ့၊ (၁၆:၀၀) နာရီ အချိန်တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ပြိုလဲနေအိမ် (၂) လုံးနှင့် အမိုးလန်နေအိမ် (၇) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၀,၀၀၀/-) ကျပ်၊ ပြိုလဲအိမ်ထောင်စု (၂) စုရှိ လူဦးရေ (၇) ဦးတို့ အတွက် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံး၏ လုပ်ငန်းဆောင်ရွက်မှုများညှိနှိုင်းဆွေးနွေး
မေ၊ (၁၈) ၊နေပြည်တော် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ အတွင်းရေးမှူးရုံး၏ လုပ်ငန်းများ ဆောင်ရွက် တိုးတက်မှုနှင့်ပတ်သက်သည့် ညှိနှိုင်းအစည်းအဝေးကို အဖွဲ့၏အတွင်းရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် အတွင်းရေးမှူးရုံးအဖွဲ့တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းက Video Conference ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ ဆွေးနွေးပွဲတွင်ပြည်ထောင်စုဝန်ကြီးက COVID-19 ရောဂါအရေးပေါ်တုံ့ပြန်နိုင်ရေးအတွက် အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အတွင်းရေးမှူးရုံးအဖွဲ့က လုပ်ငန်း ဆောင်ရွက်ထားရှိမှု ပထမအကြိမ်အစီရင်ခံစာကို တင်ပြပြီးဖြစ်ကြောင်း၊ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများတွင် ပြည်သူများက လုပ်အား၊ ငွေအားနှင့် … Read more
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၅-၂၀၂၀) ရက်နေ့တွင် ဓနုဖြူမြို့နယ်၊ ရေကြည်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာခွဲ (၄) ရွာ၌ Covid-19 ရောဂါ ကူးစက်ပျံ့ပွားမှုများ မဖြစ်ပွား စေရန်တွက် အများပြည်သူသိရှိလိုက်နာဆောင်ရွက်ရန်အချက်များအား လော်စပီကာ၊ ဟန်းစပီကာ များဖြင့် လှည့်လည်ဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ လပွတ္တာခရိုင်ဉီးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၇-၅-၂၀၂၀) ရက်နေ့တွင်၊ နံနက်(၀၈:၀၀) နာရီမှ (၁၁:၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ်၊ ပန်းတုံးကွင်းကျေးရွာအုပ်စု၊ အထက်ပန်းတုံးကွင်း ကျေးရွာ၊ အောက်ပန်းတုံးကျေးရွာ၊ ကန်းနီကျေးရွာနှင့် ရေတွင်းတောင်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့်ပတ်သက်၍ ဆောင်ရန်/ရေှာင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_may2020 Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
IDPs စခန်းများသို့ Covid_ 19 ရောဂါကြိုတင်ကာကွယ်မည့် ပစ္စည်းများ ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၅-၂၀၂၀) ရက်နေ့တွင် Covid-19 နှင့် ပတ်သက်၍ မြစ်ကြီးနားမြို့နယ်ရှိ၊ စီတာပူသီတာအေး၊ စီတာပူဆွတ်ငိုင်တောင်၊ ရွှေစက်နှစ်ခြင်း၊ မန်ခိန်နှစ်ခြင်း၊ ဂျန်မိုင်ကောင်း RC၊ ဂျန်မိုင်ကောင်းနှစ်ခြင်း IDPs စခန်းများသို့ ဆပ်ပြာ (၃၁၃၄) ခဲ၊ ထုံး (၆၀) အိတ်၊ လက်သန့်ဆေးရေ (၁၁၃၈) ဘူးနှင့် အပူချိန်တိုင်းကိရိယာ (၃) ခုတို့အား သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ar #kcn_may2020 Source: … Read more
-
တိုင်းဒေသကြီး/ပြည်နယ်အချို့တို့တွင် လေပြင်းများတိုက်ခတ်၊ ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိ
မေလ ၁၆ရက်၊ နေပြည်တော် မြန်မာနိုင်ငံအနေဖြင့် မိုးကြိုကာလများဖြစ်သော မတ်လ၊ ဧပြီလနှင့် မေလများအတွင်း လေပြင်း တိုက်ခတ်ခြင်း၊ မိုးတိမ်တောင်များဖြစ်ပေါ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးသီးကြွေခြင်းများဖြစ်ပေါ်လေ့ရှိပြီး ယခုနှစ်တွင်လည်း လေပြင်းတိုက်ခတ်မှုများနှင့် မိုးသီးကြွေကျမှုများဖြစ်ပွားလျက်ရှိရာ (၁၄-၅-၂၀၂၀) ရက်နေ့နှင့် (၁၅-၅-၂၀၂၀) ရက်နေ့များတွင်- ကယားပြည်နယ်၊ ဒီးမော့ဆိုနှင့် မယ်စဲ့မြို့နယ်တို့၌ နေအိမ်(၄)လုံးအမိုးအကာလန်ပျက်စီးခြင်း၊ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ နေအိမ် (၂) လုံး အမိုးအကာလန်ပျက်စီးခြင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်၊ တမူး၊ ဒီပဲယင်းနှင့်ကျောက်မြောင်းမြို့နယ်တို့၌ နေအိမ် (၁) လုံး ပြိုကျပျက်စီးပြီး နေအိမ် (၃၆) … Read more
-
ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်ရှိIDP စခန်းများနှင့် ယာယီတိုက်ပွဲရှောင်စခန်းများတွင် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
မေ၁၆၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ (၁၅-၅-၂၀၂၀) နေ့နှင့် (၁၆-၅-၂၀၂၀) နေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်ရှိတပ်ကုန်း အင်ဂျန်ဒုံ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်း COC၊ စီတာပူဆွတ်ငိုင်တောင်၊ စီတာပူ သီတာအေး၊ မြို့သစ်ကြီးဂျန်မိုင်ကောင်း RC၊ ရွှေစက်နှစ်ခြင်း၊ မန်ခိန်နှစ်ခြင်း၊ … Read more
