မေ၁၆၊ နေပြည်တော်
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား COVID – 19 ရောဂါ ကူးစက်ပြန့်ပွားခြင်းမှကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များနှင့် ပူးပေါင်း၍အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
(၁၅-၅-၂၀၂၀) နေ့နှင့် (၁၆-၅-၂၀၂၀) နေ့တို့တွင် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့နယ်ရှိတပ်ကုန်း အင်ဂျန်ဒုံ၊ တပ်ကုန်းစံပြနှစ်ခြင်း၊ တပ်ကုန်းရာဒါကောင်း COC၊ စီတာပူဆွတ်ငိုင်တောင်၊ စီတာပူ သီတာအေး၊ မြို့သစ်ကြီးဂျန်မိုင်ကောင်း RC၊ ရွှေစက်နှစ်ခြင်း၊ မန်ခိန်နှစ်ခြင်း၊ မြို့သစ်ကြီးဂျန်မိုင် ကောင်းနှစ် ခြင်းဘုရားကျောင်း IDP စခန်းများနှင့်ဝိုင်းမော်မြို့နယ်၊ ကန်ပိုင်တီမြို့ရှိ စင်ကြိုင်၊ မိုးညှင်း မြို့နယ်ရှိစိန်ပက်ထရစ် IDP စခန်းနှင့် နန့်မွန်းနှစ်ခြင်းဘုရားကျောင်း IDP စခန်းစုစုပေါင်း IDP စခန်း(၁၃) ခု သို့သွားရောက်၍ လက်သန့်ဆေးရည် (၂၀၃၀) ဗူး၊ ဆပ်ပြာ (၅၆၄၀) ခဲ၊ ထုံးအိတ် (၁၃၀)အိတ်နှင့် အပူချိန်တိုင်းကိရိယာ (၁၀) ခု၊ လက်ဆေးစင် (၄) ခု၊ အဝတ် Mask (၂၀၂၆)ခု၊ Hand Speaker (၁)ခု၊ COVID-19 အသိပညာပေး အသံဖိုင်ထည့်သွင်းထားသော Memory Stick (၁)ခုနှင့် ဗီနိုင်(၁)ချပ်တို့အား ထောက်ပံ့ခဲ့ပါသည်။
အလားတူ (၁၅-၅-၂၀၂၀) နေ့တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ ဘာဆာရာ IDP စခန်းသို့ အဝတ် Mask (၄၅၇၆)ခု၊ မြောက်ဦးမြို့နယ်ရှိ အောင်စေတီဘုရားသိမ်၊ နရတ်စားဘုရားသိမ်၊ ကိုးနဝင်း ဘုန်းတော် ကြီးကျောင်း၊ ဘုရားပေါ်ဘုရားသိမ်၊ ရွာသစ်ကေဘုန်းတော်ကြီးကျောင်း၊ ဝက်လှဘုန်းတော်ကြီး ကျောင်း၊ ရှော်မယ် (အမက) ကျောင်းရှိယာယီ တိုက်ပွဲရှောင်စုရပ် စုစုပေါင်း (၇)ခုသို့ သွားရောက်၍ ဆပ်ပြာတောင့် (၄၆၃) တောင့်၊ Mask(၉၂၆)ခု၊ ထုံး(၇၀)အိတ်၊ လက်ဆေးစင်(၇)စင်တို့ အားထောက်ပံ့ ခဲ့ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ကူးစက်ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာ ပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာမြှင့်တင် ပေးမှုဆိုင်ရာ လုပ်ငန်း များကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
#ar
#kcn_may2020
#rke_may2020
Source: MOSWRR