Author Archives: Hlaing ChoOo
-
COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်၊ ကျောက်မိချောင်း (မြောက်) ကျေးရွာ၊ ဝယ်ပေါင်ကျေးရွာနှင့် ကွင်းရှည်ကျေးရွာတို့တွင် COVID-19 ရောဂါကူးစက်ပြန့်နှံ့မှု မဖြစ်ပွား စေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တရာယ်များကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 Source: ရေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
Covid-19 ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ သိရှိလိုက်နာရန်အချက်များအားအသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေး ခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် ဒီးမော့ဆို မြို့နယ်၊ ဒေါတမကြီးကျေးရွာအုပ်စု၊ ဒေါတမကြီးကျေးရွာ၊ ဒေါညေးခူကျေးရွာ၊ ဒေါဆိုဖျကျေးရွာ၊ ဒေါဖာကျေးရွာ၊ ဒေါကော့ကျေးရွာများရှိ ပြည်သူများအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှု မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_Jul2020 Source: ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး(ဘစမ)
-
ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူမြို့နယ်၊ ရှားပင်ကျေးရွာအုပ်စု၊ သဖန်းပင်ကျေးရွာ၌ (၁၅-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်တွင် ဧရာဝတီမြစ်ရေတိုက်စား ကမ်းပါးပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ကြသော လူနေအိမ် (၅) လုံး၊ အိမ်ထောင်စု (၅) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၁၈) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၇,၈၀၀/-) ကျပ်၊ ဓာတ်ဆား (၅၀) ထုပ်နှင့် First … Read more
-
Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် မိုးကြိုးဘေး၊ ရေဘေးအန္တရာယ်တို့နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်၊ နွယ်အေးရပ်ကွက်၊ ဗမာအေးရပ်ကွက်၊ ဗိုလ်ထွန်းဇံ ရပ်ကွက်၊ ကြည်စုရပ်ကွက်၊ ဆေးစက်ရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ ပုသိမ်မြေရပ်ကွက်များတွင် Covid-19 အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက် အလက်များ၊ သဘာဝဘေးအသိပညာပေး ခြင်းအား ရပ်ကွက်များအတွင်း အသိပညာပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း … Read more
-
မိုးကြိုးဘေးအသိပညာပေးဆိုင်းဘုတ် စိုက်ထူမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာ တက္ကသိုလ်ကျောင်းရှေ့၌ မိုးကြိုးဘေး အသိပညာပေးဗီနိုင်းပိုစတာအား လဲလှယ်စိုက်ထူခဲ့ပြီး ဆက်လက် ၍ မိတ္ထီလာမြို့ကန်တော်မင်္ဂလာခန်းမတွင် စိုက်ပျိုးရေးချေးငွေ လာရောက်ထုတ်ယူနေကြသည့် တောင်သူ လယ်သမားအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။ #ar_tls #mdy_Jul2020 Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)
-
COVID – 19 ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့ (၁၁:၀၀) အချိန်မှ (၁၃:၃၀) နာရီအချိန်ထိ ဘားအံမြို့နယ်အတွင်းရှိ အထက်ကော့ရင်းကျေးရွာ၊ အောက်ကော့ရင်း ကျေးရွာနှင့် မြိုင်ကလေးစျေးသို့သွားရောက်၍ COVID -19 ရောဂါပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခြင်း၊ ရေဘေး၊ လေဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #krn_Jul2020 Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
COVID-19 ရောဂါ ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားတက်သော ဘေးအန္တရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့ (၀၉:၃၀) အချိန်မှ(၁၃:၀၀) နာရီအချိန်ထိ မော်လမြိုင်မြို့နယ်၊ ကျောက်တန်းရပ်ကွက်၊ ကွင်းရပ်ရပ်ကွက်နှင့် မုပွန်ရပ်ကွက်တို့တွင် COVID-19 ကူးစက်မှုမဖြစ်ပွားစေရန် ကြိုတင် ကာကွယ်ရေးအသိပညာပေးခြင်း နှင့်မိုးရာသီကာလတွင် ဖြစ်ပွားတတ်သော မိုးကြိုးဘေး၊ မုန်တိုင်:ဘေး၊ ရေဘေး၊ မြေပြိုဘေး အန္တာရာယ်များနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ရေးအသိပညာပေးခြင်းတို့အား ပြုလုပ်ခဲ့ပြီး ကျေးရွာ နေပြည်သူများအား လက်ကမ်းစာစောင် ဖြန်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #mon_Jul2020 Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
-
မီးဘေးထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့၊ အမှတ်(၁၀) ရပ်ကွက်၊ မြမာလာလမ်း၊ အိမ်အမှတ် (၂၅) ၌ (၁၅-၇-၂၀၂၀) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှုကြောင့် ပျက်စီးခဲ့သော နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ ဘေးသင့်လူဦးရေ (၄) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁) ပုံး၊ အိမ်ဆောက် ပစ္စည်း ဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ … Read more
-
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေမြင့်တက်လာမှု အခြေအနေများနှင့်စပ်လျဉ်း၍ သဘာဝ ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူများ ပူးပေါင်းပါဝင်ကြပါရန် အသိပေးပန်ကြားခြင်း
နေပြည်တော်၊ဇူလိုင်၁၅ ဇူလိုင်လ ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်နေ့များအတွင်း မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်း ထန်စွာရွာသွန်းမှုနှင့် နေရာကွက်၍ မိုးကြီးမှုများကြောင့် ဧရာဝတီမြစ်ရေမြင့်တက်ခဲ့ပါသည်။ မြစ်ရေ မြင့်တက်ခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဆင်ဘိုမြို့နှင့် ရွှေကူမြို့များရှိ ရပ်ကွက်အချို့မှ အိမ်ထောင်စု (၁၅၅) စု၊ လူဦးရေ (၆၇၁) ဦးတို့ကို ယာယီရေဘေးရှောင်စခန်းများသို့ ပြောင်းရွှေ့ ပေးခဲ့ရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူများအား ဆန်ရိက္ခာဖိုးနှင့် COVID-19 ကာကွယ်ရေးအတွက် … Read more
-
မီးဘေးသင့်နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့နယ်၊ သပြေချောင်းကျေးရွာ၌ (၁၅-၇-၂၀၂၀) ရက်နေ့ (၀၅:၀၀) နာရီအချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် မီးဘေးသင့် လုံးဝပျက်စီးနေအိမ် (၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေး (၁၇) မျိုး (၁) အိမ်ထောင်စာနှင့် လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀/-) ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၂၁၂,၆၀၀/-) ကျပ်အား (၁၅-၇-၂၀၂၀) ရက်နေ့ … Read more
