လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၇-၂၀၂၀) ရက်နေ့တွင် မိတ္ထီလာ တက္ကသိုလ်ကျောင်းရှေ့၌ မိုးကြိုးဘေး အသိပညာပေးဗီနိုင်းပိုစတာအား လဲလှယ်စိုက်ထူခဲ့ပြီး ဆက်လက် ၍ မိတ္ထီလာမြို့ကန်တော်မင်္ဂလာခန်းမတွင် စိုက်ပျိုးရေးချေးငွေ လာရောက်ထုတ်ယူနေကြသည့် တောင်သူ လယ်သမားအား သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။
#ar_tls
#mdy_Jul2020
Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ဘစမ)