Author Archives: Hlaing ChoOo

  • မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာ၌ ကမ်းပြိုဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်၊ သံကိုင်းကျေးရွာ၌ (၃-၅-၂၀၁၇) ရက်နေ့မှ (၅-၅-၂၀၁၇) ရက်နေ့အတွင်း ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ (၁၁) အိမ်နှင့် လူဦးရေ (၄၆) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၉၆,၆၀၀) ကျပ် စုစုပေါင်း (၁,၁၉၆,၆၀၀) ကျပ်တို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၌ လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့၌ (၅-၅-၂၀၁၇) ရက်နေ့တွင် မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၃) စု၊ လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀) ကျပ်တို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် ရှင်ဗွေယန်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၁၈) စု၊ လူဦးရေ (၈၁) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၂၀,၀၀၀)၊ ဆန်ရိက္ခာဖိုးငွေ (၁၇၀,၁၀၀)၊ စုစုပေါင်း ကျပ် (၁,၀၉၀,၁၀၀)နှင့် ပြိုလဲအိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၉) မျိုး (၇) အိမ်ထောင်စာ၊ အမိုးလန်အိမ်များအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၁) အိမ်ထောင်စာတို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ လေဘေးသင့်ဒေသများသို့ … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကလေးမြို့နယ်၊ ရေရှင်ကျေးရွာနှင့် အင်းကျွန်းကျေးရွာတို့၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးအကာပျက်စီးအိမ် (၁၅) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၅) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၆၀,၀၀၀) ကျပ်နှင့် ကလေးဝမြို့နယ်၊ ရွှေတောင်ကျေးရွာ၌ (၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးအကာပျက်စီးအိမ် (၁) အိမ်အတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀,၀၀၀) ကျပ်တို့အား … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်အတွင်း၌ (၇-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ကျေးရွာအုပ်စု (၄) စုမှ အိမ်ခြေ (၇) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ဘေးသင့်ခဲ့ပါသည်။ အဆိုပါ ဘေးသင့်အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၇) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇၀,၀၀၀) ကျပ်နှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ် စုစုပေါင်း (၆၇၀,၀၀၀) ကျပ်တို့အား (၁၀-၅-၂၀၁၇) ရက်နေ့တွင် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်အတွင်း၌ (၅-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်အမိုးလန် အိမ်ထောင်စု (၃၄၁) စုအတွက် ထောက်ပံ့ငွေ (၁၆၉.၅) သိန်းအား (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဟုမ္မလင်းမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနခန်းမ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ရေကန်တူးဖော်နေမှုအား Monitorong and Evaluation Team အဖွဲ့မှ ကွင်းဆင်းကြည့်ရှု့မှုသတင်း

    ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျုံကန်ကျေးရွာအတွင်း နွေရာသီသောက်သုံးရေ ရှားပါးမှုပြဿနာရင်ဆိုင်ကြုံတွေ့နေရသောကြောင့် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ကုန်ကျငွေ (၇၂)  သိန်းဖြင့် သောက်ရေကန်ဆောက်လုပ်လှူဒါန်းလျက်ရှိရာ Monitorong and Evaluation Team အဖွဲ့မှ (၁၁-၅-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေသတင်း

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ Monitorong and Evaluation Team အဖွဲ့သည် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ OXFAM၊ Action Aid နှင့် Plan International အဖွဲ့အစည်းများမှ ဒေသခံလူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဖျာပုံခရိုင်၊ ကျုံကန်ကျေးရွာအတွင်းတွင် သဘာဝဘေးကြိုတင်ပြင်ဆင်ရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းလေ့လာခြင်း၊ ရပ်မိရပ်ဖများနှင့်တွေ့ဆုံ၍ ရပ်ရွာ၏လိုအပ်ချက်များနှင့် အဖွဲ့အစည်းများမှဆောင်ရွက်ပေးနိုင်သည်များကို ညှိနှိုင်းချိတ်ဆက်ပေးခြင်း၊ ဝန်ကြီးဌာနမှ ပူးပေါင်းပံ့ပိုးပေးနိုင်သည်များကိုရှင်းလင်းဆွေးနွေးခြင်းနှင့် ဆက်သွယ်ဆောင်ရွက်ရန် Call Centre နှင့် Hot Line ဖုန်းနံပါတ်များအား ရွာသူရွာသားများအား အသိပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

  • ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် သက်မွေးပညာရပ်သင်တန်းများ ဖွင့်လှစ်မှုသတင်း

    ၁၀-၅-၂၀၁၇   သင်တန်းကျောင်းရှိကလေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသောဗလငါးတန် ဖွံ့ဖြိုးပြီး သက်မွေးပညာရပ်များကို ကိုယ်စီတတ်မြောက်စေလျက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိ ကာ ရှေ့ဆက်လျှောက်ကြရမည့်အသက်တာတွင် ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်လျှက်၊ စိတ်ပိုင်းဆိုင်ရာလုံခြုံ ယုံကြည်မှု ရှိသောသူများအဖြစ်၊ လူမှုအသိုင်းအဝိုင်းတွင် ပြန်လည်ပေါင်းစည်း ပါဝင်နိုင်မည့်သူများ ဖြစ်စေရေးကိုရည်ရွယ်၍ ကြိမ်၊ ဝါး၊ ဗေဒါ တန်ဖိုးမြှင့် လက်မှုထည်ပစ္စည်းများထုတ်လုပ်ခြင်းနှင့် ဆိုဖာထုတ်လုပ်ခြင်းသက်မွေးသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်းဖြင့် ယနေ့နံနက်ပိုင်းက ရန်ကုန် တိုင်းဒေသကြီး ကော့မှူးမြို့နယ်ရှိ ငှက်အော်စမ်းလူငယ်သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်သည့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံကြိမ်-ဝါးလုပ် … Read more

  • လေဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၌ (၆-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အိမ်ထောင်စု (၂) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး(၂) အိမ်ထောင်စာနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်တို့အား (၉-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events