Author Archives: Hlaing ChoOo
-
လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ကျေးရွာအုပ်စု (၇) စု၊ ကျေးရွာ (၁၈) ရွာ၌ (၉-၅-၂၀၁၇) ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့့် ပြိုလဲအိမ်ခြေ (၁၄) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး(၁၄)အိမ်ထောင်စာ ပြိုလဲဘုန်းကြီးကျောင်း (၂) ကျောင်း၊ အမိုးလန် ဘုန်းကြီးကျောင်း (၃) ကျောင်းနှင့် အမိုးလန်အိမ်ခြေ (၁၀၄) လုံးအတွက် ထောက်ပံ့ငွေ စုစုပေါင်း (၉,၈၅၂,၆၀၀)ကျပ်တို့အား ဘေးသင့်ဒေသများနှင့် သဲကုန်းမြို့နယ်ထွေ/အုပ်ခန်းမတို့၌ (၁၂-၅-၂၀၁၇) ရက်နေ့၌ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။ ယင်းထောက်ပံ့ပေးအပ်ပွဲသို့ ပြည်ခရိုင်အုပ်ချုပ်ရေးမှူး၊ ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more
-
“သဘာဝဘေးသင့်ပြည်သူများအတွက်ထောက်ပံ့မှုနှုန်းထားများအားပြည်သူသို့တင်ပြချက်”
လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ပြည်သူ့အတွက်ပိုမို ထိရောက်စွာ ကူညီထောက်ပံ့ပေးနေမှုအား ပွင့်လင်းမြင်သာစွာ တင်ပြခြင်းဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အောက်ပါအတိုင်းတိုးမြှင့်ထောက်ပံ့မည်ဖြစ်ပါသည်
-
မုန်တိုင်းသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် Help Age International အဖွဲ့အစည်းတို့နှင့် ပူးပေါင်း၍ (၁၃-၅-၂၀၁၇) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ ရပ်ကွက် (၁) နှင့် (၂) ၌ သဘာဝဘေးကြောင့် ထိခိုက်မှုလျော့နည်းသက်သာစေရေးအတွက် မုန်တိုင်းသဏ္ဌန်တူဇာတ်တိုက်လေ့ကျင့်ခန်းအား ငရုတ်ကောင်းမြို့ (အ.ထ.က) ကျောင်းတွင် ရပ်ကွက်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဝင်များနှင့် ကျင်းပပြုလုပ်ခဲ့ရာ မြို့အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ကြက်ခြေနီ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် လူမှုရေးအဖွဲ့အစည်းများ၊ ရပ်ကွက်သူ/သာများမှ တက်ရောက်ခဲ့ကြပြီး အင်အားစုစုပေါင်း (၁၀၀) ဦး ပါဝင်ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းကျေးရွာများ၌ လေဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ စစ်ပင်ကြီးကျေးရွာနှင့် ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်ကုန်းကျေးရွာတို့တွင် (၁၁-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၈)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ Family Kits (၈) ပုံး၊ အမိုးလန်နေအိမ် (၁၈) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး (ပလပ်စတစ်ပုံးပါ) (၁၈) အိမ်ထောင်စုစာ၊ လူဦးရေ (၁၀၈) ဦးအတွက် ဆန်ရိက္ခာ(၇) ရက်စာ(၂၂၆,၈၀၀) အား (၁၃-၅-၂၀၁၇)ရက်နေ့တွင် လေဘေးသင့်ပြည်သူများလက်ဝယ်သို့အရောက် … Read more
-
သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး ပြည်နယ်အဆင့် (နည်းပြ) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၅-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် ပညာရေးမှူးရုံး၊ SDC ၊ UNICEF အဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ဆရာ/ဆရာမ (၅၇) ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး ပြည်နယ်အဆင့် (နည်းပြ) သင်တန်းတွင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့်အကြောင်းအရာများအား ရှင်းလင်းပို့ချဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန Monitorong and Evaluation Team အဖွဲ့၏ ကွင်းဆင်းလေ့လာမှုအခြေအနေသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ Monitorong and Evaluation Team အဖွဲ့သည် (၁၂-၅-၂၀၁၇) ရက်နေ့၊ နေ့လည် (၁၂:၀၀) နာရီအချိန်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ သရက်ချောင်းကျေးရွာနှင့် ရွာအစွန်အဖျားတွင် AVSI အဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အစုအဖွဲ့ပိုင် ဆန်စက်၊ စပါးသိုလှောင်ရုံနှင့် ရေငံဒဏ်ခံနှင့် ရေမြုပ်ဒဏ်ခံမျိုး စပါးသိုလှောင်ရုံများ တည်ဆောက်၍ ရွာသူရွာသားများ၏ ဝင်ငွေတိုးပွားရေးလုပ်ငန်းများဆောင်ရွက်ထားမှုအခြေအနေ၊ Community School ဖွင့်လှစ်၍ ဆင်းရဲနွမ်းပါးသည့် မိသားစုများမှ ကလေးများကို ပညာသင်ကြားစောင့်ရှောက်ထားမှု၊ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်မှုများဆောင်ရွက်ထားမှု၊ အမျိုးသမီးအသက်မွေးဝမ်းကျောင်းသင်တန်းများဖွင့်လှစ်ပို့ချမှုတို့နှင့်စပ်လျဉ်း၍ ကွင်းဆင်းလေ့လာမှုများ … Read more
-
ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဒညင်းကုန်းဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၇) ရက်နေ့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် ဘေးသင့်ခဲ့သော မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ဒညင်းကုန်းဘုန်းတော်ကြီးကျောင်းအတွက် ထောက်ပံ့ငွေ (၁၀၀,၀၀၀) ကျပ်အား (၁၂-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး ပြည်နယ်အဆင့် (နည်းပြ) သင်တန်းဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၇) ရက်နေ့တွင် မွန်ပြည်နယ် ပညာရေးမှူးရုံး၊ SDC ၊ UNICEF အဖွဲ့တို့နှင့် ပူးပေါင်း၍ မွန်ပြည်နယ်အတွင်းရှိ ဆရာ/ဆရာမ (၅၇) ဦးတို့အား သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် ကြိုတင်ပြင်ဆင်ရေး ပြည်နယ်အဆင့် (နည်းပြ) သင်တန်းအား မော်လမြိုင်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ကမ်းပြိုဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာအုပ်စု၊ အထက်ကုန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုဘေးဖြစ်ပွားခဲ့ရာ (၉-၅-၂၀၁၇) ရက်နေ့တွင် ကြိုတင်ဖျက်သိမ်းရွှေ့ပြောင်းခဲ့သော ဘေးသင့်အိမ်ခြေ (၁၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၂၀၀,၀၀၀) ကျပ်၊ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၂) အိမ်ထောင်စာနှင့် ဘေးသင့်လူဦးရေ (၄၅) ဦးအတွက် ဆန်ရိက္ခာဖိုငွေ (၇) ရက်စာ (၉၄,၅၀၀) ကျပ် စုစုပေါင်း (၁,၂၉၄,၅၀၀) ကျပ်တို့အား မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ (၁၁-၅-၂၀၁၇) ရက်နေ့တွင် … Read more
-
မင်းပြားမြို့နယ်၊ သံထောင်ကျေးရွာကျေးရွာ၌ မီးဘေးထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့နယ်၊ သံထောင်ကျေးရွာ၌ (၁၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သောအိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၉) မျိုး (၁) အိမ်ထောင်စာနှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်တို့အား (၁၁-၅-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
