Author Archives: Hlaing ChoOo

  • ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၇) ရက်နေ့ နံနက်(၀၈:၂၀)နာရီအချိန်တွင် မြဝတီမြို့ အမှတ် (၅) ရပ်ကွက် သောင်းရင်းမြစ်ကမ်းတွင် မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီတပ်ဖွဲ့၊ စေတနာ့ဝန်ထမ်း           အဖွဲ့အစည်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ အမှတ်(၅) ရပ်ကွက်ဒေသခံပြည်သူများနှင့်အတူ ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဇာတ်တိုက်လေ့ကျင့်မှုပြုလုပ်ခဲ့သည်။ အဆိုပါဇာတ်တိုက်လေ့ကျင့်မှု အခမ်းအနားသို့ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာနနှင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့မှ ပူးပေါင်းပါဝင်ခဲ့ကြပြီး ခရိုင်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။ Source:            ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၆-၂၀၁၇) ရက်နေ့၊ (၁၀:၀၀) နာရီအချိန်မှ (၁၁:၀၀) နာရီအချိန်ထိ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ နမ့်လန်ကျေးရွာ၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်ကျေးရွာများမှ ပြည်သူများ စုစုပေါင်း (၄၀၀) ဦး တက်ရောက်ခဲ့ပြီး အဆိုပါ ဟောပြောပွဲတွင် ဘေးနှင့် ပတ်သက်သော လက်ကမ်းစာစောင်များ ဝေငှပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source:            ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် စခန်းကြီးကျေးရွာအုပ်စု၊ ညောင်ချောင်းကျေးရွာ၊ အ.မ.က ခွဲ တာဝန်ခံကျောင်းအုပ်သည် ဘိုကလေးမြို့နယ်၊ ဟေမန်ကျေးရွာအုပ်စု၊ မြစ်ကျိုးရွာထိပ်၊ လတတပင်ဝဲအနီး၌ ပဲ့ထောင်စက်လှေ နစ်မြုပ်မှုကြောင့် သေဆုံးသွားပါသဖြင့် ထောက်ပံ့ငွေကျပ် (၃၀၀,၀၀၀) ကျပ်အား သေဆုံးသူ၏ မိသားစုဝင်များထံသို့ (၁၆-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ဖျာပုံခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်၊ ကွမ်းသီးချောင်းကျေးရွာအုပ်စု၊ ဆပ်သဖူးကုန်းကျေးရွာ၌ (၁၄-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်ပျက်စီးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး၊ (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုငွေ (၆,၃၀၀) ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၅၆,၃၀၀) ကျပ်တို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် … Read more

  • သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည် နယ်၊ ကျိုက်ထိုမြို့နယ်၊ ကျိုက္ကသာကျေးရွာ၌ မြို့နယ်သဘာဝဘေးစီမံခန့်ခွဲရေး ကော်မတီအဖွဲ့ဝင်များနှင့် ပူးပေါင်း၍ (၁၅-၆-၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီအချိန်တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေး စသည့် အသိပညာပေးလက်ကမ်းစာစောင်များ၊ ပိုစတာများနှင့် ဗီနိုင်းများအား ဖြန့်ဝေပေးခဲ့ပါသည်။ ထို့နောက် (၁၃:၀၀) နာရီအချိန်တွင် မုက္ခမူကျေးရွာ၌လည်း သဘာဝဘေးနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များအကြောင်း ဟောပြောခြင်း၊ လေပြင်းဘေးကြိုတင် ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ ပြည်သူ သို့ပန်ကြားချက်လက်ကမ်းစာစောင်များနှင့် … Read more

  • ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ နဝင်းရပ်ကွက်၊ ဝါးရုံးအပိုင်း (၃) ၌ (၁၀-၆-၂၀၁၇) ရက်နေ့၌ သစ်ပင်ပိပြိုလဲနေအိမ် (၂) လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္ထူပုံးအပါ (၂) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၂၀၀,၀၀၀) ကျပ်၊ လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၂,၆၀၀)ကျပ်နှင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ … Read more

  • မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်၊ ဝါးရုံဆိပ်ကျေးရွာအုပ်စု၊ လျှော်ထုံးအနောက်စုရွာ၌(၉-၆-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဘေးသင့်ခဲ့သော နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး ကတ္ထူပုံးအပါ (၁) ပုံး၊ Family Kit (၁) ပုံးနှင့် လူဦးရေ (၄) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၈,၄၀၀) ကျပ်တို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၆-၂၀၁၇) ရက်နေ့တွင် ဘားအံမြို့နယ်၊ စုပေါင်းရုံး၌ ကျင်းပပြုလုပ်သော ရပ်/ကျေးအစည်းအဝေး၌ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်/ကျေးစာရေး (၁၄၀) ခန့်တို့အား DAN Mobile Application အသုံးပြုပုံ/ အသုံးပြုနည်းများအားရှင်းလင်းပြောကြားခြင်း၊ မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး စသည့် ဘေး (၈) မျိုးပါ လက်ကမ်းစာစောင်များအားဝေငှပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်များအကြောင်း သိကောင်းစရာများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)

  • ကချင်ပြည်နယ်၊ တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၁၇) ရက်နေ့၌ ဒေသခံစေတနာရှင်များနှင့်အတူ ပူးပေါင်း၍ ကချင်ပြည်နယ်၊ တနိုင်းဒေသမှ နေရပ်ပြန်ပြည်သူ (၃၂၈) ဦးအတွက်  ထမင်းထုပ်ဝေငှပေးခြင်းနှင့် ရေသန့် (၄၂၀) ဘူးနှင့် အချိုရည် (၄၀၈) ဘူးတို့အား ဝေငှပေးခဲ့ပြီး လတ်တလော အဝတ်အစား အခက်အခဲဖြစ်နေသော ပြည်သူ (၆) ဦးအတွက် ကျားလုံချည် (၄) ထည်၊ မလုံချည် (၂) ထည်နှင့် တီရှပ် (၆) ထည်တို့အား (၁၅-၆-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            … Read more

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေတောင်မြို့နယ်၊ ဆင်သေကျေးရွာအုပ်စု၌ (၂၉-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၈) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၂၃,၆၀၀) ကျပ်နှင့် ရွှေတောင်မြို့နယ်၊ လမိုင်းကျေးရွာအုပ်စု၌ (၃၀-၅-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘေးသင့်ခဲ့သော အမိုးလန်နေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၇,၂၀၀) ကျပ်တို့ စုစုပေါင်းထောက်ပံ့ငွေ (၆၂၀,၈၀၀) ကျပ်တို့အား ရွှေတောင်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ (၁၅-၆-၂၀၁၇) ရက်နေ့တွင် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:            ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events