Author Archives: Hlaing ChoOo
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅-၈-၂၀၁၇) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီအဖွဲ့တို့နှင့် ပူးပေါင်း၍ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊အမှတ် (၂) နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်ဖွံ့ဖြိုးရေးသင်တန်းကျောင်း၌သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဝေငှခြင်း၊ ပိုစတာများပေးအပ်ခြင်းနှင် ငလျင်ဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ထောက်ပံ့အလှူငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လားရှိုးမြို့ ရပ်ကွက်(၁၀) နယ်မြေ (၁) တောရကျောင်းလမ်း တောရဘုန်းတော်ကြီးကျောင်းအတွင်း ဂေါပကဦးအိုက်ကျံ နေထိုင်သော အိပ်ဆောင်တွင် (၁၃-၈-၂၀၁၇) ရက်နေ့ (၁၀:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးအတွက် ထောက်ပံ့လှူဒါန်း ငွေ (၁၀၀,၀၀၀) တိတိအား (၁၄-၈-၂၀၁၇) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၇) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး သဘာ ဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ ဆပ်ပြာမှုန့်ထုပ်များ ဝေငှပေးခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၈-၂၀၁၇) ရက်နေ့တွင် မြို့နယ် ပြန်/ဆက်၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြား မှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မော်လိုက်မြို့နယ် ၊ မော်လိုက်ကလေးကျေးရွာတွင် သဘာဝဘေးအန္တရာယ် လျော့ပါးရေးဆိုင်ရာ ဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး သဘာဝဘေး အန္တရာယ်ကျရောက်လာပါက ဆောင်ရန် ရှောင်ရန်အချက်များအားဟောပြောခြင်း၊ ဆပ်ပြာမှုန့်ထုပ်များဝေငှပေးခြင်း၊ သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
Actionaid Myanmar-AAM၊ Norwegian Refugee Council- NRC တို့နှင့် နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးခြင်း
“သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် အရေးကိစ္စတိုင်းအတွက် ပေါင်းစပ်ညှိနှိုင်းအဖြေရှာခြင်း၊ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် ရင်ဆိုင်တုံ့ပြန်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းများသည် အဖွဲ့အစည်းတစ်ခုတည်း၊ လူပုဂ္ဂိုလ်တစ်ဦးတည်း အနေဖြင့် ဖြေရှင်းဆောင်ရွက်နိုင်သည့် ကိစ္စမျိုးမဟုတ်သည့်အတွက် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပြည်သူတစ်ရပ်လုံး၏ ပူးပေါင်းဆောင်ရွက်မှုဖြင့်သာ အောင်အောင်မြင်မြင်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ နားလည်မှုစာချွန်လွှာများ ရေးထိုးဆောင်ရွက်ခြင်းသည် အဖွဲ့အစည်းများအကြားပူးပေါင်းဆောင်ရွက်မှုအတွက် ကတိကဝတ်ပြုမှု၏ ပြယုဂ်တစ်ခုမျှသာဖြစ်ပါကြောင်း၊ မည်သည့် နည်းလမ်းဖြင့်မဆို ပူပေါင်း ဆောင်ရွက်မှုများကိုဆောင်ရွက်ရန် အသင့်ရှိပါကြောင်းစသည်ဖြင့် (၁၀-၈-၂၀၁၇) ရက်နေ့၊ နံနက် (၀၉:၃၀)နာရီတွင် ဦးစီးဌာန၊ အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ် သည့် နားလည်မှုစာချွန်လွှာလက်မှတ်ရေးထိုးပွဲတွင် … Read more
-
ကမ်းပြိုဘေးဖြစ်ပွားမှုအခြေအနေများနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့ကူညီမှုအခြေအနေ
မြန်မာနိုင်ငံတွင်ဖြစ်ပွားလျက်ရှိသည့် သဘာဝဘေးအန္တရာယ်များအနက် ကမ်းပြိုဘေးသည်လည်း တစ်ခု အပါ အဝင်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ခန့်မှစ၍ နိုင်ငံအဝှမ်း ပိုမိုဖြစ်ပွားလာလျက်ရှိသည်ကို တွေ့ရှိရပါသည်။ မှတ်တမ်းများအရ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း ကမ်းပြိုဘေး (၁၇၈) ကြိမ်ဖြစ်ပွားခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလမှ ဇူလိုင်လ (၃၁) ရက်နေ့အထိ (၁၈၈) ကြိမ်ဖြစ်ပွားခဲ့သည်ကို တွေ့ရှိရသဖြင့် ယခုနောက်ပိုင်းတွင် ပိုမိုဖြစ်ပွား လာလျက်ရှိသည့် ဘေးအန္တရာယ်တစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် အခြားသောဘေးအန္တရာယ် များအတွက် ထောက်ပံ့ကူညီမှုများဆောင်ရွက်လျက်ရှိသကဲ့သို့ပင် ကမ်းပြိုဘေးကြောင့် နေအိမ်ပျက်စီးဆုံးရှုံးရသော ပြည်သူများ၊ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ရှားပင်ကုန်းကျေးရွာအုပ်စု၊ ရှားပင်ကုန်းကျေးရွာ၌ (၆-၈-၂၀၁၇) ရက်နေ့၌ ကမ်းပြိုရွှေ့ပြောင်း နေအိမ် (၄) လုံးအတွက် တစ်အိမ်လျှင် (၁၀၀,၀၀၀) ကျပ်နှုန်းဖြင့် (၄၀၀,၀၀၀) ကျပ်အား (၁၀-၈-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လေးမျက်နှာမြို့နယ်၊ ဝက်ကုန်းကျေးရွာအုပ်စု၊ လဲခုံလေးကျေးရွာတွင် (၃၁-၇-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေး ကြောင့် ကမ်းပြိုဘေးသင့် အိမ်ထောင်စု (၂) စု၊ လူဦးရေ (၁၃) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀,၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုးငွေ(၂၇,၃၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၂၂၇,၃၀၀) ကျပ်တို့အား လေးမျက်နှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
အသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၈-၂၀၁၇) ရက်နေ့တွင် ကျောက်မဲမြို့နယ်၊ အထက (၃) ကျောင်း၌ ရှေ့ဦးပြုစုခြင်း (အခြေခံ) သင်တန်းတက်ရောက် နေသော အလယ်တန်းကျောင်းသား/သူ (၅၀) ဦးအား သဘာဝဘေးအသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး(ကဆရ)
