ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၈-၂၀၁၇) ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊စားသုံးသူရေးရာဦးစီးဌာန၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့နှင့်ပူးပေါင်း၍ မော်လိုက်မြို့နယ်၊ ဝါးရုံသာကျေးရွာအုပ်စု၊ အင်ကုန်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ဟောပြောပွဲအားကျင်းပပြုလုပ်ခဲ့ပြီး သဘာ ဝဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရန်/ရှောင်ရန်အချက်များအား ဟောပြောခြင်း၊ ဆပ်ပြာမှုန့်ထုပ်များ ဝေငှပေးခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများ ဖြန့်ဝေပေးခြင်း များကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)