Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) ရက်နေ့တွင် ကျောက်တန်းမြို့နယ်၊ မီးပြစံပြကျေးရွာမှ ပြည်သူလူထု(၂၀၀) ဦးခန့်တို့အား သဘာဝဘေး အသိပညာပေးဟောပြောပွဲပြုလုပ်၍ သဘာဝဘေးအန္တရာယ်အကြောင်း အသိပညာ၊ ဗဟုသုတများအား မျှဝေပေးခဲ့ ကြောင်းနှင့် တက်ရောက်လာသူများအား လက်ကမ်းစာစောင်များ၊ ခေါက်ဆွဲခြောက်များဝေငှပေးခဲ့ပါကြောင်း သတင်းရရှိ ပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ ခရိုင်အတွင်း အင်္ဂပူမြို့နယ်၊ စစ်ကုန်းအုပ်စု၊ ခွေတောက်ချောင်းအုပ်စုတို့မှ သဒ္ဓမ္မကျွန်းရွာ၊ ရွှေပြည်သာရွာနှင့် နံကပ် ကျေးရွာတို့တွင် ဖြစ်ပွားသော ကမ်းပြိုဘေးအတွက် ဘေးသင့်အိမ်ထောင်စု (၁၄) စု၊ လူဦးရေ (၅၃) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရက္ခာဖိုးငွေ (၁၁၁,၃၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၄၀၀,၀၀၀) ကျပ်၊ တို့အား (၂၂-၈-၂၀၁၇) ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ကဆရ) … Read more
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဟင်္သာတ မြို့နယ်၊ အင်္ဂရမ်းအုပ်စု၊ အုတ်ရှစ်ကုန်းကျေးရွာ၌(၁-၈-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကမ်းပြိုဘေးသင့် အိမ်ခြေ (၂၄) လုံး၊ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၅) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၂၄) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ(၂,၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၁၉၉,၅၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂,၅၉၉,၅၀၀) တို့အား (၂၂-၈-၂၀၁၇) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ Source: … Read more
-
သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၇) ရက်နေ့တွင် သရက်ခရိုင်၊ ကံမမြို့နယ်၊ စမ်းသပြေကျေးရွာရှိ ပြည်သူလူထု (၁၂၂) ဦးအား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဝေငှပေးခြင်းနှင့် မိုးကြိုးဘေးဗီနိုင်းပိုစတာများ ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သရက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ ပြည်တော်သာကျေးရွာ၌(၁၉-၈-၂ဝ၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဖျက်သိမ်းပြောင်းရွှေ့နေအိမ် (၄၉) လုံး၊ အိမ်ထောင်စု (၄၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁ဝ) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေ (၄,၉ဝဝ,ဝဝဝ)ကျပ်နှင့် လူဦးရေ (၁၈ဝ) ဦးအတွက် ဆန်ရိက္ခာဖိုး ရန်ပုံငွေ (၃၇၈,ဝဝဝ)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၅,၂၇၈,ဝဝဝ)ကျပ်တို့အား (၂၂-၈-၂ဝ၁၇) ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: … Read more
-
ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မူဆယ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လွှဲပြောင်း/လက်ခံထားသော စပါးအိတ် (၅၀၇) အိတ်အား ဆန်အဖြစ်ကြိတ်ခွဲခဲ့ရာ (၂၈၄.၅) အိတ်မှ (၁၈၉.၅) အိတ်အား ကွတ်ခိုင်မြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်ကယ်ဆယ်ရေးစခန်း(၁၂) ခုမှ အိမ်ထောင်စု (၈၅၄) စု လူဦးရေ (၄,၈၆၂) ဦးအတွက်(၂၂-၈-၂၀၁၇) ရက်နေ့ (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီထိ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားအား ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါထောက်ပံ့ပေးအပ်ပွဲအခမ်းအနားသို့ ဗမာတိုင်းရင်းသားရေးရာဝန်ကြီး ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး လားရှိုးခရိုင် ကယ်ဆယ်ရေးရုံးမှ ခရိုင်ဦးစီးမှူးနှင့် တိုက်ပွဲရှောင်စခန်းမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၇) ရက် နေ့အထိ ချင်းတွင်းမြစ်ရေမြင့်တက်မှုကြောင့် မော်လိုက်မြို့၊ မြို့မ (၁) ရပ်ကွက်၊ မြို့မ (၂) ရပ်ကွက်နှင့် လောင်းကောင်းကျေးရွာ အုပ်စုများမှ ရေဘေးရှောင်စခန်းများတွင် ရောက်ရှိနေသော ပြောင်းရွှေ့အိမ်ထောင်စု (၁၇၆) စုမှ လူဦးရေ (၈၄၄) ဦးအတွက် ဆန်ရိက္ခာ ဖိုးငွေ (၁,၇၇၂,၄၀၀) ကျပ်တို့အား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သတင်းရရှိပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး(ကဆရ)
