Author Archives: Hlaing ChoOo
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ခန္တီးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခန္တီးမြို့၊ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူ (၃၂၀) ဦးအား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိ ပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ခန္တီးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၇) ရက်နေ့တွင် နောင်ဖါရပ် အထက (၃) ကျောင်း၌ ဆရာ/ဆရာများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၄၁၅) ဦးအား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်းရှင်းလင်းပြောကြားခြင်း၊ သဘာ ဝဘေးအန္တရာယ်များဖြစ်ပေါ်လာပါက ဆောင်ရန်/ရှောင်ရန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်း၊ ဦးစီးဌာနလုပ်ငန်းတာဝန်များနှင့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ ပိုစတာများပေးအပ်ခြင်းနှင့် ပညာပေးဗီဒိယိုပြသခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့် ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၁၇-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၅၁) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၀၇,၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၀၇,၁၀၀) ကျပ်တို့အား (၂၃-၈-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ် … Read more
-
သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၃-၈-၂၀၁၇) ရက်နေ့တွင် ကျိုက်ထိုမြို့နယ်၊ စစ်တောင်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြည်သူလူထု (၂၀၀) ဦးခန့်အား လည်းကောင်း မုပ္ပလင်းကျေးရွာ ရွာလယ်ဓမ္မာရုံတွင် ပြည်သူလူထု (၁၅၀) ဦးအားလည်းကောင်း သဘာဝဘေး လျော့ပါးရေး အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ပိုစတာများအား ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၁၇) ရက်နေ့တွင် မော်လမြိုင်မြို့နယ်၊ ရိုးဂိုးကျေးရွာရှိ ပြည်သူလူထု (၂၀၀) ဦးခန့်အား သဘာဝဘေးအသိပညာ ပေးဟောပြောဆွေးနွေးခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးဗီနိုင်းပေးအပ် ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မွန်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
-
ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုသင်တန်း၌ ဆွေးနွေးပို့ချမှုသတင်း
(၂၃-၈-၂၀၁၇) ရက်နေ့တွင် ပုသိမ်မြို့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနတွင် ဖွင့်လှစ်သည့် ရပ်ရွာလူထုအခြေပြု ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံး နိုင်ခြေစီမံခန့်ခွဲမှု ဆင့်ပွားသင်တန်းသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်၊ ကြက်ခြေနီ စေတနာ့လုပ်အားရှင်များပါဝင်သော သင်တန်းသား (၃၅) ဦးတက်ရောက်ခဲ့ပြီး အဆိုပါ သင်တန်းသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး တာဝန်ရှိသူ တစ်ဦးမှ ပူးပေါင်းပါဝင်ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအမှတ်စဉ် (၇/၂၀၁၇) ဖွင့်လှစ်မှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၁၇) ရက်နေ့တွင် ကျောက်တန်းမြို့ ၊သာသနာ့ဗိမာန်တွင် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် ဆင့်ပွားသင်တန်းအမှတ်စဉ်(၇/၂၀၁၇) အား ကျောက်တန်းမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းလူငယ်များ ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ စုစုပေါင်းသင်တန်းသား/သူ (၃၀) ဦးဖြင့်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြား ရေးမှူး ဦးဝင်းရွှေနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပါကြောင်းနှင့် သင်တန်းကာလမှာ (၂၄-၈-၂၀၁၇) ရက်နေ့အထိ (၃) ရက်ကြာဖွင့်လှစ်သွားမည်ဖြစ်ပါ ကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
