ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်၊ ဆင်ခြေယာကျေးရွာအုပ်စု၊ ဇရပ်နီကျေးရွာ၌ (၁၇-၈-၂၀၁၇) ရက်နေ့တွင် ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကမ်းပြိုမှုဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၁) လုံး၊ အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၅၁) ဦး တို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ရိက္ခာ (၇) ရက်စာ (၁၀၇,၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၁၀၀,၀၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁,၂၀၇,၁၀၀) ကျပ်တို့အား (၂၃-၈-၂၀၁၇) ရက်နေ့တွင် ရေစကြိုမြို့နယ် အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)