Author Archives: Hlaing ChoOo
-
သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့တွင် ကော့ဝန်းဘုန်းကြီးကျောင်း ဓမ္မာရုံ၌ လှိုင်းဘွဲ့မြို့နယ်၊ တောင်ခြေရင်းကျေးရွာနှင့် ကော့ဝန်းကျေးရွာရှိ ပြည်သူလူထု (၂၀၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice- Minister H.E. Mr. Iwao HORLL နှင့် Christian Aid Myanmar အဖွဲ့တို့က သီးခြားစီလာရောက်တွေ့ဆုံ
၂၁.၉.၂၀၁၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ဂျပန်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ Parliamentary Vice-Minister H.E. Mr. Iwao HORLL နှင့် Christian Aid Myanmar အဖွဲ့တို့က အဆိုပါဝန်ကြီးရုံး၊ မေခလာခန်းမ တွင် ယနေ့နေ့လည်ပိုင်းက သီးခြားစီလာရောက် တွေ့ဆုံခဲ့ပါသည်။ တွေ့ဆုံရာတွင် H.E. Mr. Iwao HORLLက ဂျပန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံအား ဘက်ပေါင်းစုံမှ ကူညီရန်မူဝါဒမှာ မပြောင်းမလဲရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ် အရေးကိစ္စကို … Read more
-
ထောက်ပံ့ပစ္စည်းများပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ARSA အစွန်းရောက်အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုကြောင့် စစ်တွေမြို့နယ်၊ ဒက္ခိဏရာမကျောင်း၊ ဇေယျဝတီကျောင်း ပရိယတ္တိပျိုးခင်းကျောင်းနှင့် ဓညဝတီအားကစားကွင်းများသို့ နေရပ်စွန့်ခွာလာကြသော အိမ်ထောင်စု (၂၉၃) စုမှ လူဦးရေ (၉၁၈) ဦးတို့အတွက် စားနပ်ရိက္ခာ (ဆန်၊ဆီ၊ပဲ၊ဆား) (၁) ပတ်စာအား (၂၁-၉-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၉-၂၀၁၇) ရက်နေ့တွင် တာချီလိတ်မြို့နယ်၊ အ.ထ.က တာချီလိတ်၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၀၀) ဦးအား မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် သဘာဝဘေးအန္တရာယ်များအကြောင်း သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ လက်တွေ့သရုပ်ပြ လေ့ကျင့်ခြင်း၊ ဦးစီးဌာနလုပ်ငန်းတာဝန်များ၊ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကျိုင်းတုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ကယ်ဆယ်ရေးပစ္စည်းနှင့်ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ကျားရဲကျေးရွာအုပ်စု၊ မန်တိုင်းကျေးရွာ၌ (၁၈-၉-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ဘေးသင့်ခဲ့သော ပြိုကျပျက်စီးနေအိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စုမှ လူဦးရေ (၆) ဦး အတွက် Unicef family Kit (၁) ပုံး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၂,၆၀၀) ကျပ်တို့အား (၂၁-၉-၂၀၁၇) ရက်နေ့တွင် … Read more
-
ထောက်ပံ့ငွေပေးအပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ ဇီးအုပ်ကျေးရွာအုပ်စု၊ ရွှေတဲသဲကျေးရွာ၌ (၁၆-၉-၂၀၁၇) ရက်နေ့တွင် မိုးကြိုးပစ်မှုဖြစ်ပွားခဲ့ရာ မိုးကြိုးပစ်ခံရ၍ သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်နှင့် မိုးကြိုးစက်ကွင်းမိ၍ ဒဏ်ရာရရှိသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ် စုစုပေါင်း ထောက်ပံ့ငွေ (၄၀၀,၀၀၀) ကျပ်အား (၂၀-၉-၂၀၁၇) ရက်နေ့တွင် သဲကုန်းမြို့နယ် ထွေအုပ်သို့သွားရောက်၍ သေဆုံးသူ၏ မိသားစုဝင်နှင့် ဒဏ်ရာရရှိသူများ လက်ဝယ်အရောက် ထောက်ပံ့ … Read more
