Author Archives: Hlaing ChoOo

  • UEHRD စီမံကိန်းလုပ်ငန်းများအတွက် အလှူငွေများပေးအပ်လှူဒါန်းမှုသတင်း

    ၁၇.၁၁.၂၀၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်အတွင်းလူသားချင်းစာနာမှုအကူအညီအထောက်အပံ့ပေးရေး၊ပြန်လည်နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ၏  လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြန်မာနိုင်ငံပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များအသင်းက လှူဒါန်းငွေကျပ် သိန်း(၂၀၀)ကို ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်ကလည်းကောင်း၊ နယူးယောက်မြို့ရှိ မြန်မာ-အမေရိကန် ဆေးပညာအသင်းက လှူဒါန်း သောအမေရိကန် ဒေါ်လာ(၁၀၀၀၀)ကို နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်က လည်းကောင်း၊ ရန်ကုန်မြို့ရှိတီမောလက်စ်တေသံရုံးကလှူဒါန်းသော အမေရိကန်ဒေါ်လာ (၈၀၀၀) ကို သံအမတ်ကြီးက လည်းကောင်း၊ ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ UEHRD ဒုတိယဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေးကလက်ခံရယူပြီးဂုဏ်ပြုမှတ်တမ်းလွှာများ … Read more

  • သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၇-၁၁-၂၀၁၇) ရက်နေ့တွင် သာပေါင်းမြို့နယ်၊ အထကခွဲ လှေကြီးတက်နှင့် အထက(သာပေါင်း) ကျောင်းတို့တွင် သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်း စာစောင်ဝေငှပေးခြင်းနှင့် ပိုစတာပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ဒုမြို့နယ် ပညာရေးမှူးနှင့် ဆရာ/ဆရာမများအပါအဝင် ကျောင်းသား/သူ စုစုပေါင်း (၁၁၀၀)ဦးခန့် တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)  

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၇-၁၁-၂၀၁၇)ရက်နေ့ (၁၀:၀၀) နာရီအချိန်မှ (၁၁:၃၀)အချိန်ထိ မြောင်းမြမြို့၊ အထက (၂) ရေတွင်း ရေကန် ကျောင်းမှ ကျောင်းသား/သူ (၃၅၀) ဦးအား သဘာဝဘေးအသိပညာပေးဟောပေးဟောပြောပွဲ ကျင်းပပြုလုပ် ခဲ့ပြီး သဘာဝဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များ ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေပေးခြင်း၊ ဘေး(၈)မျိုးပါ ပိုစတာပေးအပ်ခြင်းနှင့် DAN Mobile Application ထည့်သွင်း ပေးခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့ နံနက် (၀၉:၃၀)နာရီမှ (၁၂:၀၀) နာရီအချိန်ထိ ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ အထက (၁) မှ ဆရာ/ဆရာမ (၆) ဦး၊ ကျောင်းသား/သူ (၃၁၉) ဦး၊ စုစုပေါင်း (၃၂၅)ဦးအားလည်းကောင်း၊ (၁၃:၀၀) နာရီမှ (၁၅:၀၀) နာရီအချိန်တွင် အလက (ခွဲ) ကျောင်းမှ ဆရာ/ ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၂၂) ဦးအားလည်းကောင်း သဘာဝဘေးအသိပညာပေး ဟောပြောခြင်း၊ အသိပညာပေးလက်ကမ်းစာစောင်များ … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် မိတ္ထီလာမြို့နယ်၊ အ.လ.က (၇) စက်ကြီးဆည်မြောင်းကျောင်း၌ ကျေးရွာသူ/သား (၁၅၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး(ကဆရ)  

  • မိုးကြိုးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ ဘုရားကလေးကျေးရွာအုပ်စု၊ ကံလျှက်တောကျေးရွာ၌ (၁၁-၁၁-၂၀၁၇) ရက်နေ့တွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးကြောင့် သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀) ကျပ်အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ ကဿဝင်ကျေးရွာအုပ်စု၊ မြစိမ်းကျွန်းကျေးရွာ ကမ်းပြိုဘေးထောက်ပံ့မှု သတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် ခရိုင်၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ကဿဝင်ကျေးရွာအုပ်စု၊ မြစိမ်းကျွန်းကျေးရွာ၌ (၃၁-၁၀-၂၀၁၇) ရက် နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀) ကျပ်တို့အား (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source:       မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

  • သဘာဝဘေးလျော့ပါးရေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် ကန်ကြီးထောင့်မြို့နယ်၊ သဘော့ငူကျေးရွာအုပ်စု၊ ဖားစည်ကွင်း ကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ရပ်မိရပ်ဖအပါအဝင် ကျေးရွာပြည်သူလူထုလူထု (၁၅၀) ခန့်အား သဘာဝဘေး လျော့ပါးရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်ဝေငှပေးခြင်းနှင့် ပိုစတာ ပေးအပ်ခြင်းများကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)

  • ထောက်ပံ့ငွေပေးအပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မန်စီမြို့နယ်၊ စီခန်းကြီးကျေးရွာမှ မိုင်းထိဒဏ်ရာရှိသူ (၂) ဦးအတွက် တစ်ဦးလျှင် (၅၀,၀၀၀) ကျပ်နှုန်းဖြင့် (၁၀၀,၀၀၀) ကျပ်အား (၁၆-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး(ကဆရ)

Sign Up

Upcoming Events