ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင် ခရိုင်၊ မအူပင်ခရိုင် ပန်းတနော်မြို့နယ်၊ကဿဝင်ကျေးရွာအုပ်စု၊ မြစိမ်းကျွန်းကျေးရွာ၌ (၃၁-၁၀-၂၀၁၇) ရက် နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်နေအိမ် (၄) လုံး၊ အိမ်ထောင်စု (၄) စုအတွက် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၄၀၀,၀၀၀) ကျပ်နှင့် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၄၂,၀၀၀) ကျပ်တို့အား (၁၅-၁၁-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မအူပင်ခရိုင်ဦးစီးမှူးရုံး(ကဆရ)